DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၆ ဦးစာရင်းထုတ်ပြန်၊ စစ်တွေက ၁၅ ဦးပါဝင်
DVB
·
August 28, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၆ ဦးစာရင်းထုတ်ပြန်၊ စစ်တွေက ၁၅ ဦးပါဝင်
Donate to DVB

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက်ထုတ်ပြန်တဲ့  ကိုဗစ်-၁၉ လူနာသစ် ၂၆ ဦး ထဲမှာ ရခိုင်ပြည်နယ်က  ၂၅ ဦးနဲ့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်က အမျိုးသမီး  ၁ ဦးပါဝင်တာကို  တွေ့ရပါတယ်။

ရခိုင်ပြည်နယ်က လူနာသစ်တွေကတော့ စစ်တွေမြို့နယ်က  ၁၅   ဦး၊ ကျောက်ဖြူမြို့နယ်က ၃ ဦး၊ မောင်တောမြို့နယ်က ၆  ဦးနဲ့ ပေါက်တောမြို့နယ်က အမျိုးသား ၁  ဦးတို့ပါဝင်ပါတယ်။

လူနာသစ်အားလုံးဟာ ပြည်ပကိုခရီးသွားခဲ့တဲ့ရာဇဝင်မရှိသူတွေဖြစ်ပြီး  ကျောက်ဖြူဆေးရုံက စောင့်ကြည့်လူနာ အမျိုးသားတစ်ဦးကလွဲလို့ ကျန်သူတွေက အသွားအလာကန့်သတ် ကွာရန်တင်းထားရှိသူတွေဖြစ်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၆၄ ခု၊ ဆေးသုတေသနဦးစီးဌာနက  ၂၅ ခုနဲ့ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့က ၃၂ ခု၊ စုစုပေါင်း ၆၂၁ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၂၆ ဦး တွေ့ရှိခဲ့တာပါ။

မနေ့ညကလည်း ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၃၅၅ ခုစစ်ဆေးရာမှာ လူနာသစ် ၁၆ ဦး တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂၈ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ‌ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၄၉ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၆၇ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013