DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦးထပ်တွေ့၊ မြန်မာနိုင်ငံတွင် အတည်ပြုလူနာပေါင်း ၆၀၂ ဦးအထိရှိလာ
DVB
·
August 27, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦးထပ်တွေ့၊ မြန်မာနိုင်ငံတွင် အတည်ပြုလူနာပေါင်း ၆၀၂ ဦးအထိရှိလာ
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦးထပ်မံ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ  အတည်ပြုလူနာပေါင်း ၆၀၂ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

   လူနာသစ်တွေထဲမှာ စောင့်ကြည့်လူနာ ၁၂ ဦးနဲ့ အသွားအလာကန့်သတ်စောင့်ကြပ် ကွာရန်တင်းထားရှိသူ ၄ ဦး ပါဝင်ပါတယ်။

လူနာသစ်တွေကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က  ၈ ဦး၊ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က ၁ ဦး၊ မြောက်ဥက္ကလာပမြို့နယ်က ၂ ဦး၊ ရန်ကင်းမြို့နယ်က ၁ ဦး၊  မွန်ပြည်နယ် ရေးမြို့နယ်က ယူအေအီးပြန်  ၁ ဦး၊ မော်လမြိုင်မြို့နယ်က ယူအေအီးပြန် ၁ ဦး၊ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်က စင်ကာပူပြန် ၁ ဦးနဲ့ ပဲခူးတိုင်း တောင်ငူမြို့နယ်က  ၁ ဦးတို့ ဖြစ်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၅၆၃ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၂၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၁၈၇ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ ဓာတ်ခွဲနမူနာ ၇ ခုနဲ့ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၆ ခု  စုစုပေါင်း ၁,၃၅၅ ခုကို ဒီနေ့ ညနေ  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၆ ဦး တွေ့ရှိရတာပါ။

ဩဂုတ် ၂၇ ရက် ည ၈နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၆၀၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ‌ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၄၉ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၆၇ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013