DVB Logo
Home
မြန်မာသတင်း
ပုသိမ်ဟွာပိုတိုင်းစ်စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့်အဖွဲ့ဝင်များ အလုပ်ပြန်ရမည်
DVB
·
August 27, 2020
ပုသိမ်ဟွာပိုတိုင်းစ်စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့်အဖွဲ့ဝင်များ အလုပ်ပြန်ရမည်
Donate to DVB

ဧရာတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ စက်မှုဇုန်က ဟွာပိုတိုင်းစ်အထည်ချုပ် စက်ရုံမှာ ကိုဗစ်ကာလ အခက်အခဲတွေကြောင့် အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ရပ်နားခဲ့ပြီး ၃ လအကြာ အလုပ်ပြန်လည်ခန့်ထားဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အလုပ်လျှော့ချခံခဲ့ရတဲ့ အလုပ်သမား ၁၀၀ ကျော်ထဲက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂၆ ဦးကို အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က စက်ရုံရဲ့ အဓိကချုပ်လုပ်နေရတဲ့ ကုမ္ပဏီ လုပ်ငန်းတွေကို ဆက်သွယ်အကူညီတောင်းခံပေးခဲ့မှုကြောင့် အလုပ်ပြန်ခန့်ထားပေးဖို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာလို့ အလုပ်သမားအချင်းချင်းရိုင်းပင်း ကူညီရေးအဖွဲ့က အငြင်းပွားမှုဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခက ပြောပါတယ်။

"ဒီတရားဥပဒေနဲ့မညီဘဲ အပြစ်မဲ့အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ရဖို့ အတွက် နိုင်ငံတကာသမဂ္ဂအဖွဲ့အစည်းတွေက ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ကုမ္ပဏီ၊ နိုင်ငံတကာ သမဂ္ဂ၊ LHEO၊ အလုပ်သမားသမဂ္ဂနဲ့ စက်ရုံက တာဝန်ရှိသူတွေ ၄ ကြိမ်မြောက်တွေ့ဆုံညှိနှိုင်းအပြီး မှာ ဒီစာချုပ်ကို ရရှိခဲ့တာဖြစ်တယ်"လို့ ပြောပါတယ်။

အလုပ်သမားတွေ ဥပဒေနဲ့မညီဘဲ အပြစ်မဲ့လျော့ချခံရတာနဲ့ ပတ်သက်ပြီး တိုင်းအစိုးရ အဖွဲ့ကို ကူညီဖြေရှင်းပေးဖို့ စာမြောက်မြားစွာပေးပို့ခဲ့ပေမဲ့ ဝန်ကြီးချုပ်ရဲ့ အစီအစဉ်နဲ့ တကြိမ်သာ တွေ့ဆုံညှိနှိုင်းပေးခဲ့ပြီး နောက်ပိုင်း မဆက်သွယ်တော့လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်အကူညီတောင်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်လျှော့ချခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ထဲမှာ အလုပ်သမားတွေစုပေါင်းဖွဲ့စည်း ထားတဲ့ သမဂ္ဂထဲက သမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေပါဝင်ခဲ့တဲ့အပေါ် စက်ရုံမှာချုပ်နေတဲ့ ကုမ္ပဏီတွေထံ ဆက်သွယ်အကူညီတောင်းချိန်မှာ သမဂ္ဂတွေနဲ့ အဖွဲ့ဝင်တွေကို အလေးထားရ မယ်ဆိုတဲ့ ရှု့ထောင်နဲ့ ပြည်တွေဥပဒေတွေကို လေးစားရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းအရ ပြန်ခန့်ရမယ်ဆိုပြီး စက်ရုံကိုတိုက်တွန်းခဲ့လို ချက်ခြင်းပြန်ခန့်ပေးခဲ့တာဖြစ်တယ်လို့ ဒေါ်ခခ က ပြောပါတယ်။

အလုပ်လျှော့ချခံခဲ့ရတဲ့ အလုပ်သမား ၁၀၀ ကျော်ထဲက အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၂၆ ဦးဟာ အလုပ်ထုတ်နစ်နာကြေးအပါဝင် တခြားနစ်နာကြေး တွေကို မယူခဲ့သလို စက်ရုံနဲ့ ဌာနဆိုင်ရာအဆင့်ဆင့်က တာဝန်ရှိသူတွေကို တောင်းဆိုခဲ့သူတွေ လည်း ဖြစ်ပါတယ်။

နိုင်ငံတကာသမဂ္ဂတွေရဲ့ စက်ရုံမှာအလုပ်အပ်နေတဲ့ ကုမ္ပဏီတွေရဲ့ ဖိအားပေးမှုတွေကြောင့် စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၂၆ ဦးကို လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ၁၅ ရက်နေ့ထိ အလုပ်ပြန်ခန့်သွားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ အလုပ်လျှော့ချခံရသူတွေကိုတော့ လုပ်ငန်းပုံမှန်ပြန်လည်ပတ်ချိန်မှာ ပြန်ခန့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံဟာ အဓိက ဥရောပနဲ့ အမေရိကန်နိုင်ငံတွေကို တင်ပို့နေတဲ့ Primark နဲ့ Zara တံဆိပ်အမျိုးအစားတွေကို အဓိက ထုတ်လုပ်နေရတာဖြစ်ပြီး စက်ရုံမှာ အလုပ်သမား ၁၈၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းက စက်မှုဇုန်တွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း စက်ရုံ ယာယီပိတ်သိမ်းတာနဲ့ အလုပ်သမားလျှော့ချတာတွေရှိခဲ့လို့ အလုပ်လက်မဲ့ဦးရေ ၄၆၀၀ ကျော် ထိရှိခဲ့တယ်လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီးရေးအဖွဲ့က သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013