DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း ထုတ်ထားသည့် အမိန့်ညွှန်ကြားချက်​များ မလိုက်နာပါက  အ​ရေးယူမည် 
DVB
·
August 27, 2020
ရခိုင်ပြည်နယ်အတွင်း ထုတ်ထားသည့် အမိန့်ညွှန်ကြားချက်​များ မလိုက်နာပါက  အ​ရေးယူမည် 
Donate to DVB

ရခိုင်ပြည်နယ် မြို့နယ်အားလုံး Stay At Home အစီအစဉ်  အကျုံးဝင်​ကြောင်း ကျန်းမာ​ရေးနဲ့အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ထားတဲ့အပြင် ပြည်နယ်အတွင်း ခရီးမသွားကြဖို့နဲ့ ပြည်နယ်ပြင်ပသွားရင်လည်း ခွင့်ပြုချက်ယူရမှာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်​တွေကိုမလိုက်နာရင် အ​ရေးယူမယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟို​ကော်မတီက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ ကျန်းမာ​ရေး​စောင့်​ရှောက်တာ​တွေ၊ စာနပ်ရိက္ခာ ထောက်ပံ့တာ​တွေ၊ ရောဂါကာကွယ်တားဆီးထိန်းချုပ်​ရေးဆိုင်ရာ​ကိစ္စရပ်တွေကို အစိုးရက ဖြည်းဆည်း​ဆောင်ရွက်​ပေးမှာဖြစ်လို့ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူတွေအ​နေနဲ့ ကိုယ့်​နေရပ်မှာပဲ နေထိုင်ဖို့နဲ့ ပြည်နယ်တွင်း ခရီးသွားလာတာနဲ့ ပြည်နယ်ပြင်ပ တခြား​ဒေသ​တွေကို ခရီးသွားလာတာ​တွေ မလိုအပ်ဘဲ မပြုလုပ်ကြဖို့လည်း ဗဟို​ကော်မတီက အသိ​ပေးထားပါတယ်။

တကယ်လို့ ရခိုင်ပြည်နယ်​နေ ပြည်သူ​တွေအ​နေနဲ့ တခြားတိုင်း​ဒေသကြီး ဒါမှမဟုတ် ပြည်နယ်​တွေကို ကျန်းမာ​ရေးကိစ္စနဲ့ တခြားအ​ရေး​ပေါ်ကိစ္စရပ်​တွေအတွက် ခရီးသွားဖို့ရှိရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ရပြီးမှ သွား​ရောက်ကြဖို့နဲ့တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကိုယ်​ရောက်ရှိတဲ့​နေရာမှာ ကျန်းမာ​ရေးစစ်​ဆေးတာကို ကြည်ဖြူစွာခံယူပြီး ကျန်းမာ​ရေး ညွှန်ကြားချက်နဲ့အညီ သတ်မှတ်ထားတဲ့  Community Based Facility Quarantine ၂၁ ရက်​ နေထိုင်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးဆိုင်ရာ ကိစ္စရပ်​တွေကို  အမိန့်နဲ့ညွှန်ကြားချက်​တွေနဲ့အညီ တိကျစွာလိုက်နာကြဖို့ ပန်ကြားထားပါတယ်။

ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်​တွေကို လိုက်နာဖို့ပျက်ကွက်ရင် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပ​ဒေနဲ့ အ​ရေးယူခံရမယ်လို့ အသိ​ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ် ၂၇ ရက်မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၅၈၆ ဦးရှိနေပြီး ဒီအထဲမှာ ရခိုင်ပြည်နယ်ဟာ ပိုး​တွေ့လူနာ ၂၀၀  နီးပါးလောက်နဲ့  ဒုတိယအများဆုံး ဖြစ်လာပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ တည်ပြုလူနာများပြားလာတာ​ကြောင့် ဒီကနေ့မနက်ကစပြီး ပြည်နယ်တစ်ခုလုံးမှာ ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက် ​နေအိမ်မှာ​နေထိုင်​ရေး (​Stay At Home)အစီအစဉ်  အကျုံးဝင်​ကြောင်း အမိန့်ထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013