DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၆ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာပေါင်း ၅၈၀ ဦးအထိရှိလာ
DVB
·
August 26, 2020
ကိုဗစ်-၁၉ လူနာသစ် ၆ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာပေါင်း ၅၈၀ ဦးအထိရှိလာ
Donate to DVB

ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ကိုဗစ်-၁၉ လူနာသစ် ၆ ဦး ထပ်မံ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်း  အတည်ပြုလူနာပေါင်း ၅၈၀  ဦးအထိရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာသစ်တွေကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၃ ဦး၊ ကျောက်တော်မြို့နယ်က ၂ ဦးနဲ့ စစ်ကိုင်းတိုင်းကလေးမြို့က အမေရိကန်ပြန် အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြပါတယ်။

လူနာသစ်တွေအထဲမှာ စောင့်ကြည့်လူနာ ၂ ဦးနဲ့ အသွားအလာက န့်သတ်စောင့်ကြပ်ခံထားရသူ  ၄ ဦးတို့ ပါဝင်ပါတယ်။  ကျောက်တော်မြို့က လူနာသစ် ၂ ဦးကတော့ စစ်တွေကနေ ပြန်လာသူတွေဖြစ်တဲ့အတွက် အသွားအလာကန့်သတ်ခံထားရတာ ဖြစ်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၄၃၉ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၃၁၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၇၃ ခု၊   ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၂၇၀ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ မှ ဓာတ်ခွဲနမူနာ ၂၃ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၄၂ ခု  စုစုပေါင်း ၁,၂၆၅ ခုကို ဒီနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၆ ဦး တွေ့ရှိရတာပါ။

ဩဂုတ် ၂၆ ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၈၀ ဦး၊ သေဆုံးသူ ၆ ဦး၊  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိလို့ ရောဂါပိုးကင်းစင်လာသူ ၃၄၅ ဦး၊ ဆေးရုံးမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၇ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013