DVB Logo
Home
မြန်မာသတင်း
ပုသိမ် Amava အထည်ချုပ်စက်ရုံလုပ်သားများ လူမှုဖူလုံကြေးအပြည့်အဝရရှိရေး တောင်းဆို
DVB
·
August 26, 2020
ပုသိမ် Amava အထည်ချုပ်စက်ရုံလုပ်သားများ လူမှုဖူလုံကြေးအပြည့်အဝရရှိရေး တောင်းဆို
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ Amava Apparel အထည်ချုပ်စက်ရုံမှာ ကိုဗစ်ကာလ စက်ရုံပိတ်ခဲ့ရတဲ့ ရက်တွေအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့တဲ့ လူမှုဖူလုံကြေးငွေ အပြည့်အဝရရှိရေး အလုပ်သမားတွေက တောင်းဆိုပါတယ်။

စက်ရုံက ကိုဗစ်-၁၉ ကာလပိတ်ခဲ့တဲ့ရက်တွေကို လူမှုဖူလုံကြေးတောင်းချိန်မှာ ၁၁ ရက်သာ တောင်းဆိုခဲ့ပြီး ၇ ရက်ကွာနေတဲ့အတွက် အပြည့်အဝရရှိဖို့ စုပေါင်းတောင်းဆိုတာလို့  အလုပ်သမားသမဂ္ဂအဖွဲ့ဝင် မအေးသီတာက ပြောပါတယ်။

"၁၈ ရက်ပိတ်ထားတာကို ၁၁ ရက်စာပဲ ထောက်ပံ့ ကြေးရတယ်၊ ရက်တွေကွာနေလို့ အလုပ်သမားတွေက အပြည့်အဝ ရရှိဖို့ စုပေါင်း တောင်းဆိုနေတာပါ၊ ဒီနေ့တော့ တိုင်းအလုပ်သမား ညွှန်ကြားရေးဌာနက ဦးစီးမှူးနဲ့ လူမှုဖူလုံရေးဌာနက တာဝန်ရှိသူတွေ လာညှိနှိုင်းပေးပါတယ်"လို့ ပြောပါတယ်။

အလုပ်သမားညွှန်ကြားရေးဌာနက တိုင်းဦးစီးမှူး ဦးအောင်ငြိမ်းက လာရောက်ဖြေရှင်းညှိနှိုင်း တာတွေ ပြုလုပ်ပေးချိန်မှာ ၁၈ ရက်စာ အပြည့်အဝရရှိဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို တခြားစက်ရုံတွေလို ကျပ် ၃၀၀၀၀ ရရှိအောင်ဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

အလုပ်သမားတွေက လက်မခံဘဲ ဆက်လက်တောင်းနေချိန်မှာ ကျန်ရှိနေတဲ့ ၇ ရက်စာ ၁၃၀၀၀ ကျော်ကို လာမယ့် စက်တင်ဘာ လစာ ထုတ်ချိန်မှာ ပေးနိုင်ဖို့အတွက် ဆက်လက်ညှိနှိုင်းပေးခဲ့တယ်လို့  အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံက ပိတ်ရက်တွေအတွက် လူမှုဖူလုံကြေး တင်ပြတောင်းခံချိန်မှာ တခြား စက်ရုံတွေ နည်းတူ တင်ပြတောင်းခံခဲ့တာဖြစ်ပေမဲ့ ရက်အနည်းငယ် ကွာဟနေလို့ စက်ရုံအလုပ်သမားတွေက အလုပ်ဆက်မလုပ်ဘဲ စုပေါင်းတောင်းဆိုနေတာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို  ပြေလည်အောင် ညှိနှိုင်းပေးနိုင်ခဲ့တယ်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ငြိမ်းက  ဒီဗွီဘီကို ပြောပါတယ်။

"လစာတွေကတော့ ရက် ၂၀ စာအပြည့်ပေးထားတာ၊ စက်ရုံဘက်က လစာထဲမှာ မပါတဲ့ ၁၁ ရက်စာကို တောင်းပေးလိုက်တာ၊ အလုပ်သမားတွေဘက်က ဒီပိတ်လိုက်တဲ့ ရက်တွေအတွက် စက်ရုံက တောင်းတာမှာ လိုနေတဲ့ ၇ ရက်စာ ၄၀ ရာခိုင်နှုန်းကို အပြည့်အဝရရှိဖို့ ဒါတောင်းဆို တာပေါ့၊ ဒီနေ့သွားရောက် ညှိနှိုင်းပေးခဲ့ပါတယ်။”

အလုပ်သမားတောင်းဆိုတဲ့ ကျန်နေတဲ့ ၇ ရက်စာအတွက် ၁ ရက်ကို ၁၉၂၀ ကျပ်နှုန်းနဲ့ ပေးနိုင်ဖို့အတွက် ညှိနှိုင်းခဲ့ရာမှာ လာမယ့်စက်တင်ဘာလ ၄ ရက်နေ့မှာ ပြန်လည်ထုတ်ပေးသွားဖို့ ကတိကဝတ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုံကပိတ်ခဲ့တဲ့ရက်တွေအတွက် လူမှုဖူလုံကြေး ငွေအပြည့်အဝရရှိဖို့အတွက် အလုပ်သမား တွေက ဩဂုတ်လ ၂၁ ရက်နေ့ကစတင်ကာ တောင်းဆိုခဲ့ကြတာပါ။

Amava Apparel အထည်ချုပ်စက်ရုံဟာ ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး စက်ရုံ ပိုင်ရှင်မှာ သီရိလင်္ကာနိုင်ငံသားတစ်ဦးဖြစ်ကာ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က လာရောက် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသား  ၁၂ ဦးရှိတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံသားပိုင် Amava Apparel အထည်ချုပ်ဟာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး စက်ရုံက ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေတဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Kappa, Blak Lader, Lindex, Esmara စတဲ့ ကုန်အမှတ်တံ ဆိပ်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013