DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်က ကိုဗစ်-၁၉ လူနာ ပညာရေးဝန်ထမ်းနှင့်ထိတွေ့ခဲ့သူ ၄၀ ကျော် Quarantine ဝင်
DVB
·
August 26, 2020
မော်လမြိုင်က ကိုဗစ်-၁၉ လူနာ ပညာရေးဝန်ထမ်းနှင့်ထိတွေ့ခဲ့သူ ၄၀ ကျော် Quarantine ဝင်
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်က ကိုဗစ်-၁၉ အတည်ပြုလူနာ ပညာရေးဝန်ထမ်းနဲ့ထိတွေ့ခဲ့သူ ၄၃ ဦးကို ကွာရန်တင်းစင်တာတွေဆီ ပို့ဆောင်ပေးနေပြီး သူနဲ့ ကားအတူ စီးခဲ့သူ ၂ ယောက်ကိုတော့ ဆက်သွယ် မရသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေ ပြန်လာတဲ့ မော်လမြိုင် ပညာရေးဝန်ထမ်း အမျိုးသမီးတယောက်ဟာ ကျန်းမာရေးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာဖြစ်လာပြီး သူနဲ့ ထိတွေ့ပတ်သက်ခဲ့သူတွေကို စောင့်ကြည့်ကန့်သတ်ရေးစခန်းဆီ ပို့နေတာပါ။

ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌက “အခုအချိန်အထိတော့ ၄၃ ယောက်ကို ကွာရန်တင်းစင်တာဆီ ပို့ပေးထားပါပြီ။ ပညာရေးမှူးရုံးက လူတွေရော၊ မန္တလာမင်းကားနဲ့ အတူ လာသူတွေရောပါပါတယ်။ ရေးမြို့နယ်က အတူထမင်းစားခဲ့သူ ၃ ယောက်ကတော့ လာနေတုန်းပါ” လို့ ပြောပါတယ်။

စောင့်ကြည့်ကန့်သတ်ထားသူတွေကို မော်လမြိုင်တက္ကသိုလ်ရှိ ကွာရန်တင်း စင်တာမှာထားတာ ဖြစ်ပါတယ်။ လူနာအမျိုးသမီးဟာ ကျောက်ဖြူကနေ ရောက်ရောက်ချင်း ကွာရန်တင်းမဝင်ခဲ့တာကြောင့် သူနဲ့ ထိတွေ့သူတွေ အများအပြားရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။

အဲဒီအမျိုးသမီးဟာ ကျောက်ဖြူကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်လာပြီး ရန်ကုန်ကနေ မော်လမြိုင်ကို ခရီးသည်တင်ကားနဲ့ လာခဲ့တာပါ။ သူနဲ့အတူ ကားစီးလာသူ ၁၃ ယောက်ရှိပြီး ဒီထဲက ၂ ယောက်ကိုတော့ အခုထိ ဆက်သွယ်မရသေးပါဘူး။

ကျန်းမာရေးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်မှာ အတည်ပြုလူနာသစ် အယောက် ၇၀ ရှိပြီး အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန (ရန်ကုန်) နဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) တို့မှာ စစ်ဆေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013