DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်အိတ် ၃,၀၀၀ လှူဒါန်း
DVB
·
August 26, 2020
ရခိုင်ပြည်နယ်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်အိတ် ၃,၀၀၀ လှူဒါန်း
Donate to DVB

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရခိုင်ပြည်နယ်အတွက် ဆန်ရိက္ခာ ၆ ပြည်အိတ် ၃,၀၀၀ ကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေထံ ဩဂုတ် ၂၅ ရက်က လှူဒါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်စီစဉ်မှုနဲ့ မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနဲ့ အ သင်းဝင်ကုမ္ပဏီတွေ၊ ပုဂ္ဂလိကအလှူရှင်တွေ စုပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် Facilities Quarantine လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ် လှူဒါန်းခဲ့တာဖြစ်ကြောင်းအသင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားပါတယ်။

လတ်တလောကာလမှာတော့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်​က  စစ်​တွေမြို့မှာ ကိုဗစ်-၁၉ ​ရောဂါပိုး တ​ကျော့ပြန်​တွေ့ရှိလာပြီး​နောက် ကူးစက်မှုနှုန်း မြင့်တက်လာခဲ့သလို ပိုး​တွေ့လူနာ​တွေနဲ့ တိုက်ရိုက်ထိ​တွေ့သူ​တွေတင်မကဘဲ တဆင့်ခံရောဂါ ပိုးကူးစက်မှုတွေပါ တွေ့ရှိလာခဲ့ရတာမို့ အရေးကြီးတဲ့ အခြေအနေ ဖြစ်နေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီကနေ့ မနက် ၈ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၅၇၄ ဦး၊  သေဆုံးသူ ၆ ဦး၊  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂ ဦးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013