DVB Logo
Home
မြန်မာသတင်း
ညမထွက်ရအမိန့်​ဖောက်ဖျက်သဖြင့် ၃ လ​ကျော်အတွင်း လူ​ပေါင်း ၃၇၀၀ ​ကျော်ကို အ​ရေးယူ
DVB
·
August 26, 2020
ညမထွက်ရအမိန့်​ဖောက်ဖျက်သဖြင့် ၃ လ​ကျော်အတွင်း လူ​ပေါင်း ၃၇၀၀ ​ကျော်ကို အ​ရေးယူ
Donate to DVB

ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေးအတွက် ဧပြီလ တတိယပတ်ကစပြီး မြန်မာနိုင်ငံမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး​နောက် ဧပြီ၊​ မေ၊ ဇွန်နဲ့ ဇူလိုင်လ​တွေမှာ အဲဒီ အမိန့်ကို​ ဖောက်ဖျက်လို့ အ​ရေးယူခံရတဲ့သူ​ပေါင်း ၃၇၀၀​ ကျော်ရှိခဲ့​တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒီဗွီဘီကို ​ပြောပါတယ်။

အခုနှစ် မတ်လ ၂၃ ရက်​နေ့ကစပြီး ပြည်တွင်းမှာ ​ရောဂါကူးစက်မှုရှိလာခဲ့ပြီး​နောက် အစိုးရက  ရောဂါထိန်းချုပ်​ရေးအစီအစဉ် ချမှတ်လာခဲ့ရာမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ လည်း တစ်ခု အပါအဝင်ဖြစ်လာခဲ့ပါတယ်။

ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ မလိုက်နာလို့ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အ​ရေးယူခဲ့ရာမှာ ဧပြီလ တတိယပတ်ကနေ ဧပြီလကုန်အထိ ၉၀၇ ဦး၊ မေလမှာ ၁၅၅၃ ဦး၊ ဇွန်လမှာ ၅၉၃ ဦး၊ ဇူလိုင်လ ၆၈၂ ဦး ရှိခဲ့​ကြောင်း ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယား​တွေအရ သိရပါတယ်။

ညမထွက်ရအမိန့်ကို စတင်အကျုံးဝင်ချိန် ည ၁၀ နာရီက မနက် ၄ နာရီအထိသတ်မှတ်ခဲ့ပေမဲ့ အခုအခါ ည ၁၂ နာရီက မနက် ၄ နာရီအထိပဲ  အကျုံးဝင်ပါ​တော့တယ်။

ဒါ​​ပေမဲ့ ပြည်တွင်းကူးစက်မှုနှုန်းမြင့်တက်လာတဲ့ စစ်​တွေမြို့မှာ​တော့ ညမထွက်ရအမိန့်ကို သြဂုတ်လ ၂၁ ရက်​နေ့ကစလို့ ည ၉ နာရီက မနက် ၄ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013