DVB Logo
Home
မြန်မာသတင်း
လူမှုကွန်ရက်စောင့်ကြည့်အဖွဲ့နှင့် ဖေ့စ်ဘွတ်ခ်အဖွဲ့ကို ထိန်းကျောင်းရန် ကြံ့ခိုင်ရေးအမတ် အဆိုတင်
DVB
·
August 25, 2020
လူမှုကွန်ရက်စောင့်ကြည့်အဖွဲ့နှင့် ဖေ့စ်ဘွတ်ခ်အဖွဲ့ကို ထိန်းကျောင်းရန် ကြံ့ခိုင်ရေးအမတ် အဆိုတင်
Donate to DVB

လူမှုကွန်ရက်စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ (SMMT)နဲ့ ဖေ့စ်ဘွတ်ခ်အဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို ထိန်းကျောင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြံ့ခိုင်ရေးအမတ်က အဆိုတင်သွင်းရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သမ္မတရဲ့ အထူးရန်ပုံငွေနဲ့ ထူထောင်ထားတဲ့ လူမှုကွန်ရက်စောင့်ကြည့်ထိန်းကျောင်းရေး အဖွဲ့ (SMMT)နဲ့ ဖေ့စ်ဘွတ်ခ်အဖွဲ့တို့ရဲ့ ဆောင်ရွက်မှုတွေဟာ လူမှုကွန်ယက်အသုံးပြုတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအပေါ် မျှတမှုမရှိတာကြောင့် လူမှုကွန်ယက်မှာ မကျေနပ်မှု အမုန်းစကားတွေ တိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးတို့ကို ထိခိုက် ပျက်စီးစေနိုင်တဲ့အတွက်  SMMTနဲ့ ဖေ့စ်ဘွတ်ခ်အဖွဲ့တို့က မည်သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းမူဝါဒတွေနဲ့ မည်သို့အရေးယူဆောင်ရွက်နေသည်ကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြပြီး တရားမဲ့မှုတွေ မဖြစ်အောင် အချိန်မီထိန်းကျောင်း ဆောင်ရွက်နိုင်ရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။

ဒီအဆိုကို သြဂုတ်လ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်ဦးသောင်းအေးက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

SMMT ဖွဲ့စည်းပြီးနောက်ပိုင်း လူမှုကွန်ယက်အသီးသီးမှာ လူငယ်လူရွယ်တွေ အကျင့်စာရိတ္တပျက်စေတဲ့ အကြောင်းအရာတွေနဲ့ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိပါးစေတဲ့ အကြောင်းအရာတွေ၊ အမုန်းစကားတွေဟာ မြန်မာ့ယဉ်ကျေးမှု၊ ကိုယ်ကျင့်သီလတွေနဲ့ ဖီလာ ဆန့်ကျင်ပြီး တိုးပွားလာနေတာကို လေ့လာတွေ့ရှိရတယ်လို့ ဦးသောင်းအေးက ဆိုပါတယ်။

ဒါအပြင် Facebook Team အနေနဲ့ Account တွေ၊ Page တွေကို အမုန်းစကားဖြန့်ဝေမှု၊ ပြည်ပဆိုရှယ်မီဒီယာတွေရဲ့ Community Standard နဲ့ မကိုက်ညီမှုစတဲ့ အကြောင်းပြချက်တွေနဲ့ ဖြစ်စေ၊ အကြောင်းမပြဘဲ ဖြစ်စေ ပိတ်သိမ်းတာ၊ ဖြုတ်ချတာတွေမှာ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီအချို့ရဲ့ Account တွေ၊ အစိုးရရဲ့ အားနည်းချက်ကို ဝေဖန်ထောက်ပြတဲ့ ပြည်သူတွေ ရဲ့ Account တွေပါဝင်နေတာကို တွေ့ရပြီး အမျိုးသားရင်ကြားစေ့ရေးထိခိုက်မှုကနေ တိုင်းပြည်ပြိုကွဲတဲ့အထိ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတည်ဆောက်ဆဲ ကာလဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးကို အလေးထားရမယ့် အချိန်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို အားပြုရပ်တည်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံတော်အစိုးရက ပြည်သူ့ဘဏ္ဍာငွေအသုံးပြုထူထောင်ထားတဲ့ လူမှုကွန်ယက်များစောင့်ကြည့် ထိန်းကျောင်းရေး အဖွဲ့ဟာ ဖေ့စ်ဘွတ်ခ်နဲ့ ချိတ်ဆက်ပြီး Community Standard ကို လိုရာစွဲသုံးပြီး ပိတ်ချင်တာ ပိတ်၊ လွှတ်ချင်တာလွှတ်တဲ့ Double Standard မဖြစ်စေလိုပါဘူး။ ဒီလိုလုပ်ရပ်တွေကို မတည့်မတ်မထိန်းကျောင်းပေးဘူးဆိုရင် ကိုဗစ်-၁၉ ပြန့်ပွားနေ တဲ့ကာလမှာ ပြုလုပ်ကြရမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးဟာလည်း တရားမျှတမှုကင်းဝေးသွားမှာ စိုးရိမ်စရာဖြစ် ပါတယ် ” လို့ ဦးသောင်းအေးက ဆိုပါတယ်။

လူမှုကွန်ရက်စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့(SMMT)ကို ၂၀၁၇ ခုနှစ် သြဂုတ်လမှာ အစိုးရအဖွဲ့အစည်းအဝေးမှာ သဘောတူခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လို အပ်တဲ့နည်းပညာနဲ့ စက်ပစ္စည်းတွေဝယ်ယူဖို့ ကျပ် ၆၄၂၆ သန်းကိုလည်း သမ္မတရဲ့အထူးရန်ပုံငွေကနေ သုံးစွဲခွင့် ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013