DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌  အတည်ပြုလူနာပေါင်း ၄၇၄   ဦးအထိရှိလာ 
DVB
·
August 24, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးထပ်တွေ့၊ မြန်မာနိုင်ငံ၌  အတည်ပြုလူနာပေါင်း ၄၇၄   ဦးအထိရှိလာ 
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ  အတည်ပြုလူနာစုစုပေါင်း  ၄၇၄   ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာသစ် ၁၁ ဦးထဲမှာ ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိသူတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ၅ ဦး၊ ဘူးသီးတောင်မြို့နယ်က ၄ ဦး၊  ကမာရွတ်မြို့နယ်က အမျိုးသမီး  ၁ ဦးနဲ့  မွန်ပြည်နယ် ပေါင်မြို့နယ်က စင်ကာပူပြန် အမျိုးသား ၁ ဦးတို့ဖြစ်ကြပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၄၆၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၉၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၉၀ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၁၇၆ ခုနဲ့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၄၆ ခု စုစုပေါင်း ၁,၀၆၈ ခု အား ဒီကနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦး တွေ့ရှိရတာပါ။

ဩဂုတ် ၂၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၄၇၄ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၄၁  ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၃၃၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၁ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013