DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ ၄၅၀၀ ကျော်ချထားမည်
DVB
·
August 24, 2020
မကွေးတိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ ၄၅၀၀ ကျော်ချထားမည်
1 / 3
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အတွင်းစည်း လုံခြုံရေး အထူးရဲ ၄၅၀၀ ကျော်တာဝန်ပေးမယ်လို့  တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က "မကွေးတိုင်းဒေသကြီးအတွင်းက မဲရုံ ၄၅၂၄ ရုံအတွက် မဲရုံတစ်ရုံကို တစ်ဦးနှုန်းနဲ​့ အထူးရဲ ၄၅၂၄ ဦးတာဝန်ပေးမှာဖြစ်ပြီးတော့ အရန်ရဲ ၁၂၀ တာဝန်ပေးမှာဖြစ်တယ်”လို့ ပြောပါတယ်။

အဲဒီအထူးရဲတွေကို လေ့ကျင့်ပေးဖို့အတွက် ရဲတပ်ဖွဲ့ဌာနချုပ်ကို ကိုယ်စားလှယ်တွေ စေလွှတ်လေ့ကျင်နေပြီး ပြန်ရောက်လာရင် ခရိုင်၊ မြို့နယ်အလိုက် ဆင့်ပွားသင်တန်း တစ်လ သင်ကြားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ရဲတပ်ဖွဲ့ရဲ့ ဥပဒေအရ ရဲတပ်ဖွဲဝင်တွေကို ကိုက် ၅၀၀ အတွင်း ဝင်ရောက်တာဝန် ထမ်းဆောင်ခွင့်မရှိလို့ အတွင်းစည်းကို အထူးရဲတွေကစောင့်ရှောက်ကာ ရဲတပ်ဖွဲဝင်တွေက အပြင်စည်းကနေ လုံခြုံရေးယူပေးမှာဖြစ်တယ်"လို့ ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။

မဲရုံအရေအတွက် ၄၅၂၄ ရုံမှာ ဇုန် ၁၉၉ ဇုန်သတ်မှတ်ပြီး ဇုန်တစ်ခုကို အရာရှိဦးစီး ရဲတပ်ဖွဲဝင် ၁၀ ဦးနှုန်းနဲ့ ၁၉၉၀၀ ဦး၊ အရံမီးသတ်အင်အား ၁၃၀၀၀ ကျော်အပြင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမှုပေါင်း ၄၅ မှုဖြစ်ပွားခဲ့ရာ ပြည်သူကဖြစ်ပွားတဲ့အမှုက ၁၂ မှု ကိုယ်စားလှယ်လောင်းအချင်းချင်းတိုင်ကြားတဲ့ အမှုက ၃၃ မှုဖြစ်ပွားခဲ့လို့ အဲဒါတွေကို အတွေ့ကြုံယူပြီး ရွေးကောက်ပွဲကာလအတွင်း အမှုအခင်းမဖြစ်ပွားအောင် ထိန်းသိမ်းစောင့်ရှောက် သွားမယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် ၃၂ သိန်းကျော်ရှိပြီး ပါတီအသီးသီးက ကိုစားလှယ်လောင်း ၄၈၀ ဝင်ရောက်အရွေးချယ်ခံဖို့ လျှောက်လွှာတင်ထားတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013