DVB Logo
Home
မြန်မာသတင်း
ငရုတ်ကောင်းမြို့အနီး သဘာဝထိန်းသိမ်းနယ်မြေ အဏ္ဏဝါအမျိုးသား ဥယျာဉ်ဖော်ဆောင်မည်
DVB
·
August 24, 2020
ငရုတ်ကောင်းမြို့အနီး သဘာဝထိန်းသိမ်းနယ်မြေ အဏ္ဏဝါအမျိုးသား ဥယျာဉ်ဖော်ဆောင်မည်
1 / 8
Donate to DVB

အရိုင်းဆန်တဲ့ သဘာဝအလှရှုခင်းတွေ ပိုင်ဆိုင်ထားတဲ့ ဧရာဝတီတိုင်းအတွင်းက ငပုတောမြို့နယ်၊ ငရုတ်ကောင်း အနောက်ဘက်ကမ်းခြေဒေသကို သဘာဝထိန်းသိမ်းနယ်မြေ အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။

ငရုတ်ကောင်း‌မြို့အနီးရှိ အနောက်ဘက်ကမ်းခြေနဲ့ ကမ်းရိုးတန်းဒေသတွေက ဇီဝမျိုးစုံ မျိုးကွဲများ သယံဇာတနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေက ကာကွယ်နိုင်ဖို့ သဘာဝ ထိန်းသိမ်းမှုနယ်မြေ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် လုပ်ဆောင်သွားမှာဖြစ်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သိရပါတယ်။

"အဏ္ဏဝါ အမျိုးသားဥယျာဉ်ကို ငရုတ်ကောင်းဒေသမှာ လုပ်တဲ့ကိစ္စဟာ ဇီဝမျိုးကွဲမျိုးစုံကို ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် လုပ်ငန်းဖြစ်တဲ့အတွက် ကျနော်တို့က ကြိုဆိုပါတယ်။ တစ်ခုရှိ တာက ဒီကိစ္စဖြစ်လာခဲ့ရင် ရေရှည်ဖွံ့ဖြိုးတိုးတက်မယ်။ ငါးမျိုးစိတ်တွေ၊ ရေသယံဇာတတွေ စောင့်ရှောက်ထိန်းသိမ်းကြမယ့် အတွက်လည်းလက်ခံတယ်။ ပြောစရာတခုရှိလာတာက ဒီဒေသမှာ ရေနက်ဆိပ်ကမ်း တစ်ခုလုပ်နေတာရှိတယ်။ ဒေသခံတွေ ငါးဖမ်းငါးရှာစားတဲ့ တရားဝင်သတ်မှတ် ပေးထားရမယ့် နယ်နိမိတ်ဧရိယာတွေ သတ်မှတ်ထားရှိ ပေးဖို့လိုမယ်"လို့ ဧရာဝတီတိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဝင်းစိုးကပြောပါတယ်။

ငရုတ်ကောင်းမြို့အနီးမှာ ငရုတ်ကောင်းပင်လယ်ကွေ့၊ ဂေါ်ရန်ဂျီကျွန်း၊ နံ့သာပုကျေးရွာ၊ ကြွေချိုင်၊ ရေကျော်၊ မိုးတိမ်ပြင်၊ သစ်ရောင်း၊ သဲဖြူနဲ့ ပသျှူးချိုင် ဒေသတွေမှာ သဘာဝ ထိန်းသိမ်းနယ်မြေ အဏ္ဏဝါ အမျိုးသားဥယျာဉ်အဖြစ် အကောင်အထည်ဖေါ်လုပ်ကိုင်သွားဖို့ လည်း ရှိနေပါတယ်။

ဒေသခံတစ်ဦးက "ကျနော်တို့ဒီဒေသက စီမံကိန်းမျိုးစုံ မျက်စိကျတဲ့ ဒေသလည်းဖြစ်တယ်။ မြေလွတ်မြေလပ် ဥပဒေအပေါ် အကျိုးခံစားခွင့် ဒေသခံတွေက မရဘဲ ကုမ္ပဏီတွေကပဲ အကျိုးခံစားနေတာများတော့ အနောက်ဘက်ကမ်း‌ခြေက လူတွေကစီမံချက်တွေမှာ မြေယာနဲ့ပတ်သက်လာရင် ဥပဒေဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေ အမြဲလိုကြုံတွေ့နေရတယ်"လို့ ပြောပါတယ်။

အနောက်ဘက်ကမ်းခြေဒေသကို သဘာဝထိန်းသိမ်းမှု နယ်မြေအဖြစ် သတ်မှတ်ခဲ့တဲ့အပေါ် ဒေသခံတွေက ကြိုဆိုလက်ခံကြပေမဲ့  ဒေသအတွင်း စီမံကိန်းတွေ အကြောင်းပြုကာ မြေလွတ်မြေလပ်ဥပဒေကို အလွဲသုံးပြုပြီး မြေသိမ်းမှုတွေ ထပ်မံပြုလုပ်မည်ကို မလိုလားဘူးလို့ ဒေသခံက ပြောပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-ဘိုဘို(ဧရာဝတီတိုင်းမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013