DVB Logo
Home
မြန်မာသတင်း
ပေါခလိုးမြစ်ဝှမ်းဒေသကို ဌာနေလူမျိုးစု ထိန်းသိမ်းနယ်မြေအဖြစ် အတည်ပြုကြေညာ
DVB
·
April 27, 2026
Photo: KNU
Photo: KNU
Donate to DVB

 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ထဲမှာရှိတဲ့ ပေါခလိုးမြစ်ဝှမ်းဒေသကို “ပေါခလိုးဌာနေလူမျိုးစု ထိန်းသိမ်းနယ်မြေ” အဖြစ် တရားဝင် သတ်မှတ်ကြောင်း KNU ဗဟိုက ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီနယ်မြေဟာ ဧရိယာ ၃၅၈,၄၉၃ ဧက ကျယ်ဝန်းပြီး ကျေးရွာပေါင်း ၂၄ ရွာမှ လူဦးရေ ၁၁,၅၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

ပေါခလိုးဌာနေလူမျိုးစု ထိန်းသိမ်းနယ်မြေအဖြစ် သတ်မှတ်တာဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ဒေသခံတွေရဲ့ သဘောထားမပါဘဲ ဝင်လာတဲ့ လမ်းဖောက်လုပ်ရေးနဲ့ သတ္တုတူးဖော်ရေးလို စီမံကိန်းတွေကြောင့် မြေယာသိမ်းဆည်းခံရတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာတွေကို ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

မဲပေးပိုင်ခွင့်ရှိသူ ၈၈ ရာခိုင်နှုန်းဖြစ်တဲ့ ဒေသခံပြည်သူ ၄,၆၂၂ ယောက်ရဲ့ သဘောတူညီချက်နဲ့ ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ ဒီနယ်မြေကို ဒေသခံတွေကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရှိမယ်လို့ အတည်ပြုထားပါတယ်။

ဒီအပေါ်မှာ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “ကျနော်တို့ ကရင်ဌာနေတိုင်းရင်းသားတွေဟာ သဘာဝအရင်းအမြစ်တွေကို ဘိုးဘွားစဉ်ဆက် ဓလေ့ထုံးတမ်းတွေနဲ့ စနစ်တကျ ထိန်းသိမ်းလာခဲ့ကြတာပါ။ ဒါကြောင့် အစိုးရဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေ စီမံကိန်းတွေ လုပ်မယ်ဆိုရင် ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မဖြစ်မနေ အသိအမှတ်ပြုရပါမယ်”လို့ ပြောပါတယ်။

ဒီနယ်မြေအတွင်း ဒေသခံတွေကိုယ်တိုင် စီမံခန့်ခွဲနေတဲ့ ကျေးရွာပိုင်ဘုံသစ်တော ၁၁ ခုနဲ့ ငါးထိန်းသိမ်းရေးဇုန် ၁၅ ခုကိုလည်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ 

အခုလို ဌာနေလူမျိုးစုထိန်းသိမ်းနယ်မြေအဖြစ် ကြေညာလိုက်တာဟာ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဖို့တင်မကဘဲ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဘိုးဘွားအစဥ်အဆက်ထိန်းသိမ်းလာတဲ့ သဘောဝအရင်းအမြစ်နဲ့ ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းနိုင်ဖို့ ရည်ရွယ်တယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013