DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ကျန်းမာရေးဝန်ထမ်း ၃ ဦး စစ်ဘေးရှောင်စခန်းသို့ သွားရောက်ခဲ့ဖူး
DVB
·
August 24, 2020
ကိုဗစ်-၁၉ လူနာ ကျန်းမာရေးဝန်ထမ်း ၃ ဦး စစ်ဘေးရှောင်စခန်းသို့ သွားရောက်ခဲ့ဖူး
Donate to DVB

ကိုဗစ်-၁၉ အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်း ၃ ယောက်ဟာ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခဲ့တယ်လို့  အကူအညီပေးရေးအဖွဲ့တခုဖြစ်တဲ့ Relief International (RI)  က ထုတ်ပြန်လိုက်ပါတယ်။

Relief International (RI) ရဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးရုံးခွဲက ဝန်ထမ်း ၃ ယောက်ဟာ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။

ဩဂုတ် ၁၉ ရက်နေ့မှာ RI ရဲ့ မြောက်ဦးရုံးခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတယောက်ဟာ ရောဂါလက္ခဏာတချို့ကိုခံစားခဲ့ရပြီး ကိုယ်တိုင်သံသယဖြစ်လာလို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ချက်ချင်းပဲ သီးသန့်ကုသမှုခံယူခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ RI ရဲ့ မြောက်ဦးရုံးခွဲက ဝန်ထမ်းအားလုံးဟာ နေအိမ်အသီးသီးမှာ Home Quarantine နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီဝန်ထမ်းဟာ ဓာတ်ခွဲစစ်ဆေးချက်အရ သြဂုတ် ၂၁ ရက်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၈ ဖြစ်လာလို့ RI ဝန်ထမ်းတွေဟာ အစိုးရသတ်မှတ်ထားတဲ့ Quarantine နေရာတွေကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပြီးတော့ သူတို့ဆီက ဓာတ်ခွဲနမူနာတွေယူပြီး စစ်ဆေးရာမှာ သြဂုတ် ၂၂ ရက်မှာ လူနာအမှတ် ၄၄၀ နဲ့ ၄၄၁ တို့ကို ထပ်တွေ့ရပါတယ်။

လူနာအမှတ် ၄၀၈ ဟာ ရခိုင်ပြည်နယ်ကို မတ် ၄ ရက်မှာ စရောက်လာပြီး စစ်တွေမှာ Quarantine  ၁၀ ရက်၊ မြောက်ဦးမှာ Quarantine ၂၁ ရက် နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

လူနာအမှတ် ၄၄၀ ဟာ မြောက်ဦးမှာ နေထိုင်တဲ့ ဒေသခံတယောက်ဖြစ်ပြီး လူနာအမှတ် ၄၄၁ ကတော့ ရန်ကုန်ကနေ ဇွန် ၈ ရက်မှာ ရခိုင်ပြည်နယ်ကို ပြန်ရောက်လာတာကြောင့် Hotel Quarantine ၂၁ ရက်၊ Home Quarantine ၇ ရက်ကို စစ်တွေမှာ နေထိုင်ခဲ့ပြီး မြောက်ဦးကို ဇူလိုင် ၅ ရက်မှာ ထွက်လာခဲ့သူ ဖြစ်ပါတယ်။

RI ရဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲက အတည်ပြုလူနာတွေဟာ လွန်ခဲ့တဲ့ ၂ ပတ်အတွင်းက မြောက်ဦးမြို့ကရခိုင် စစ်ဘးရှောင်စခန်း ၄ ခုကို သွားရောက်ခဲ့သလို လွန်ခဲ့တဲ့ ၁ လအတွင်းမှာတော့ မြောက်ဦးမြို့ပေါ်၊ စစ်ဘေးရှောင်စခန်း ၄ ခုနဲ့ စစ်တွေမြို့တို့ကိုပဲ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ပြင်ပကိုတော့ သွားခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

RI အနေနဲ့ မြောက်ဦးမြို့နယ်က မူဆလင်ရွာတွေကို ၂၀၁၉ ခုနှစ်ကစလို့ သွားရောက်ခဲ့တာ မရှိခဲ့ဘဲ လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ရုံးခွဲတွေကို သြဂုတ် ၁၉ ရက်ကစလို့ ပိတ်ထားပြီး အဖွဲ့ရဲ့ လုပ်ငန်းတွေကိုလည်း ရပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013