DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ပြည်တွင်းကူးစက်သည့် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦးတွေ့ရှိ၊ စုစုပေါင်း ၆၇ ဦးရှိလာ
DVB
·
August 24, 2020
စစ်တွေတွင် ပြည်တွင်းကူးစက်သည့် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦးတွေ့ရှိ၊ စုစုပေါင်း ၆၇ ဦးရှိလာ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၃ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က  ဓာတ်ခွဲနမူနာ ၁၈၇ ခု စစ်ဆေးရာမှာ အတည်ပြုလူနာသစ် ၁၃ ဦးတွေ့ရှိခဲ့တာပါ။

လူနာသစ် ၁၃ ဦးဟာ ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၃၉၇၊ ၃၉၈၊ ၃၉၉၊ ၄၃၀ တို့နဲ့ ထိတွေ့မှုရှိခဲ့ပြီး အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၉၀၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာမှာလည်း စစ်တွေမြို့နေ ပြည်တွင်း ကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၆ ဦး တွေ့ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့ညအထိ ကိုဗစ်-၁၉ လူနာသစ် ၇၂ ဦးရှိပြီဖြစ်ပြီး စစ်တွေက ၆၇ ဦး၊ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ဖြစ်ပါတယ်။

နိုင်ငံတဝန်းလုံးမှာတော့ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၄၁ ဦးအနက် ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၈ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၈ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၆ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013