DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် လူနာထားရန် လိုအပ်ပါက ယာယီဆေးရုံလုပ်မည်ဟု ကျန်းမာရေးဌာနတာဝန်ရှိ ပြော
DVB
·
August 23, 2020
စစ်တွေတွင် လူနာထားရန် လိုအပ်ပါက ယာယီဆေးရုံလုပ်မည်ဟု ကျန်းမာရေးဌာနတာဝန်ရှိ ပြော
Donate to DVB

စစ်တွေမှာ လူနာတွေထားဖို့ နေရာတွေ တိုးချဲ့နေပြီး လိုအပ်ရင် ယာယီဆေးရုံလုပ်သွားမယ်လို့ ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

မနေ့က ကျန်းမာရေးဝန်ကြီးနဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ လျင်လျင်မြန်မြန် ကူးစက်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

Videoconferencing စနစ်နဲ့ ဆွေးနွေးခဲ့ရာမှာ အမြဲတမ်းအတွင်းဝန်  ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက စစ်တွေပြည်သူ့ဆေးရုံကြီးမှာ လူနာတွေထားဖို့ နေရာတွေ တိုးချဲ့နေပြီး လိုအပ်ရင် ယာယီဆေးရုံတွေလုပ်ဖို့ စီစဉ်ထားသလို အသွားအလာ ကန့်သတ်တာတွေအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နှီးနွှယ်ဌာနတွေနဲ့ ပူးပေါင်းလုပ်နေတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ကိုဗစ်နဲ့ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ အမြဲတမ်းအတွင်းဝန် ၂ ဒေါက်တာသာထွန်းကျော်က “လူနာတွေ အခြေအနေပေါ်မူတည်ပြီး လုပ်နေပါတယ်။ သူနာပြုကျောင်း၊ တိုင်းရင်းဆေးရုံတို့မှာ ထားဖို့ စီစဉ်ထားပါတယ်။ ဒီထက်ပိုလာရင်တော့ ပြည်နယ်အစိုးရနဲ့တိုင်ပင်ပြီး နေရာစီစဉ်မှာပါ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ စစ်တွေမှာ လူနာ ၅၀ လောက်ရှိပြီး ထားလို့ အဆင်ပြေသေးတယ်လို့ သူကဆက်ပြောပါတယ်။

ဝန်ကြီးဒေါက်တာမြင့်ထွေးက စစ်တွေ သူနာပြုနဲ့သားဖွားသင်တန်းကျောင်းကနေ အောင်မြင်ခဲ့တဲ့ သူနာပြု ၅၆ ယောက်ကို သြဂုတ် ၂၁ ရက်ကပဲ ရခိုင်ပြည်နယ်မှာ တာဝန်ချထားပေးခဲ့ပြီး ကိုယ့်ဆန္ဒအလျောက် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ကြမယ့် ဒု ပြည်နယ် ကျန်းမာရေးဦးစီမှူး အပါအဝင် အထူးကုဆရာဝန်တွေ၊ လက်ထောက်ဆရာဝန်တွေနဲ့ သူနာပြုတွေကို အထူးလေယာဉ်နဲ့ ပို့ပေးမယ်လို့ အဲဒီဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ပြီးတော့ ဓာတ်ခွဲစစ်ဆေးတာတွေကို စစ်တွေပြည်သူ့ဆေးရုံကြီးမှာ GeneXpert စက် ၂ လုံးနဲ့ စစ်ဆေးနေပြီး ရောဂါဗေဒအထူးကုဆရာဝန်ကြီး ၁ ယောက်နဲ့ အဏုဇီဝဗေဒပညာရှင် ၂ ယောက်ကိုလည်း အင်အားဖြည့်တင်း ယာယီတာဝန်ချထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ ထိန်းချုပ်ဖို့ခက်ခဲတဲ့ ကူးစက်တာမျိုးဖြစ်သလို့ မြန်မာနိုင်ငံမှာလည်း ဖြစ်လာမှာကို စိုးရိမ်စရာရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေနဲ့ မြောက်ဦး၊ သံတွဲနဲ့ ချင်းပြည်နယ် တီးတိန်တို့မှာ အိန္ဒိယက ပြန်လာသူ တယောက်နဲ့ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၈ ယောက် ထပ်တွေ့ရလို့ ဒီမနက်အထိ ရခိုင်ပြည်နယ်မှာ လူနာ ၅၃ ယောက်၊ တနိုင်ငံလုံးမှာ ၄၄၄ ယောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013