DVB Logo
Home
မြန်မာသတင်း
သံတွဲက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂ ဦး စစ်တွေမှ လေယာဉ်ဖြင့် ပြန်လာသူများဖြစ်
DVB
·
August 23, 2020
သံတွဲက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂ ဦး စစ်တွေမှ လေယာဉ်ဖြင့် ပြန်လာသူများဖြစ်
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ ၂ ဦးမှာ စစ်တွေမြို့ကနေ လေယာဉ်နဲ့ သြဂုတ် ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ  သံတွဲကို ပြန်လာကြသူတွေလို့ သိရပါတယ်။

သံတွဲမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဦးထွန်းထွန်းဝင်းက "အခုပိုးတွေ့လူနာနံပါတ် ၄၄၃ နဲ့ ၄၄၄ တို့က စစ်တွေ MMA နဲ့ KBZ Air line တွေနဲ့ သီးခြားလာကြတာဖြစ်တယ်။ သူတို့ကိုရောက်လာကတည်းက Facility Quarantine ထားထားဆိုတော့ သူတို့နဲ့ Contact တဦးမှမရှိဘူး။ ဒါပေမဲ့ သူတို့နဲ့ လိုက်ပါလာတဲ့ လေယာဉ် ၂ စီးက ခရီးသည်တွေကတော့ သူတို့ရောက်ရှိတဲ့ နေရာတွေမှာ Quarantine ဝင်ရမှာပေါ့” လို့ပြောပါတယ်။

အခုလက်ရှိမှာ သံတွဲမြို့က လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချခိုင်းထားပြီး Mask တပ်ဆင်ကြဖို့နဲ့ Mask မတပ်ဘဲ သွားလာနေသူတွေကိုလည်း ရက္ခိတသူရိယသွေးလှူရှင်အသင်းက  Mask အခမဲ့ပေးဝေနေတယ်လို့ သံတွဲမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်က​ DVB ကို ပြောဆိုပါတယ်။

သံတွဲမြို့မှာ GTI ကျောင်း၊ ငပလီဆေးရုံနဲ့ သီတဂူမျက်စိဆေးရုံတို့ကို Quarantine စင်တာ ပြလုပ်ထားတယ်လို့ သိရပါတယ်။

သြဂုတ် ၂၁ ရက်နေ့ ညက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ​ခဲ့တဲ့ INGO ဝန်ထမ်းအမျိုးသမီး လူနာအမှတ် ၄၁၃ နဲ့ ထိတွေတဲ့သူတွေခဲ့သူ ၄ ဦးကို  Quarantine စင်တာမှာ ထားထားတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

စစ်တွေမြို့ကနေ ပြန်လာကြသူ ၃၂ ကို Facility Quarantine ထားရှိ စစ်ဆေးရာ သြဂုတ် ၂၃ ရက်နေ့မနက်ပိုင်းက လူနာအမှတ် ၄၄၃ နဲ့ ၄၄၄ တို့ ပိုးတွေ့ရှိရတာကြောင့် သံတွဲမြို့ ငပလီဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကျန် အယောက် ၃၀ ကတော့ ပိုးမတွေ့ဘူးလို သိရပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာသစ် ၅၃ ဦးရှိပြီဖြစ်ပြီး စစ်တွေက ၄၈ ဦး၊ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ဖြစ်ပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013