DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် အရွယ်မရောက်သေးသည့် မယားပါသမီးအား အဓမ္မပြုကျင့်မှုဖြင့် ပထွေးဖြစ်သူကို ဖမ်းဆီး
DVB
·
August 23, 2020
ဖားကန့်တွင် အရွယ်မရောက်သေးသည့် မယားပါသမီးအား အဓမ္မပြုကျင့်မှုဖြင့် ပထွေးဖြစ်သူကို ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ နမ့်ပါဟုတ်ကျေးရွာမှာ တအိမ်တည်းနေ အရွယ်မရောက်သေးတဲ့ မယားပါသမီးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ ပထွေးဖြစ်သူကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပထွေးဖြစ်သူ ကျော်နိုင်ဝင်းက အသက် ၁၆ နှစ်ရှိ မယားပါသမီးဖြစ်အား အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တာလို့ နမ့်ပါဟုတ်ကျေးရွာတာဝန်ခံ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“အဘိုးဖြစ်သူက မခံနိုင်လို့ ကျနော်တို့ဆီ လာတိုင်တာ။ နယ်မြေခံရဲနဲ့ ချက်ချင်း သွားဖမ်းပါတယ်။ မနေ့ကတော့ တာမခံရဲစခန်းမှာ ချုပ်ထားပါတယ်။ မနေ့ကပဲ တာမခံကနေ ဖားကန့်ကို သားအမိနှစ်ယောက် ရဲစခန်းအစီအစဉ်နဲ့ ဆေးစစ်ချက်ယူဖို့ သွားကြတယ်။”

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ရှိသူတဦးက “မနေ့ကပဲ ဖားကန့်ကို ရောက်လာကြပြီး ဆေးစစ်ချက်ယူပါတယ်။ ကျူးလွန်သူကတော့ ဖားကန့်အချုပ်ခန်းထဲမှာပါ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၇ လလောက်ကစတင်ပြီး မိခင်ဖြစ်သူမရှိချိန် ပြန်ပြောပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။

အဘိုးဖြစ်သူက ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားလိုပြုလုပ်ကာ တာမခံရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး ကိုကျော်နိုင်အား နမစမှူး (တာမခန်) ရဲအုပ်သောင်းမင်းထွန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဩဂုတ် ၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဝှေခါ လခူးချောင်ဘက်မှာ ပထွေးဖြစ်သူက ၇ တန်းကျောင်းသူ မယားပါသမီးအား အဓမ္မပြုကျင့်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုနိုင်ထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013