DVB Logo
Home
မြန်မာသတင်း
စည်းကမ်းချက်များလိုက်နာမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မည်ဟု ရခိုင်ကျန်းမာရေး တာဝန်ရှိပြော
DVB
·
August 23, 2020
စည်းကမ်းချက်များလိုက်နာမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မည်ဟု ရခိုင်ကျန်းမာရေး တာဝန်ရှိပြော
Donate to DVB

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်တွေကို ပြည်သူလိုက်နာမှ  ကူးစက်မြန်ရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ပြည်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေပြီး ကျန်းမာရေးဌာနထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို ပြည်သူတွေ လိုက်နာကြဖို့ ပြည်နယ်ကျန်းမားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောကြားပါတယ်။

“ထိန်းချုပ်မှုအပိုင်း ဆိုရင်လည်း ပြည်နယ်ကျန်းမာကလည်း ပြည်နယ်မှူးက အပ်နှင်းထားတဲ့ အမိန့်ထုတ်ပြန်ပြီးတော့ ဆရာတို့က လော့ဒေါင်းချတယ်ပေါ့နော်။ လော့ဒေါင်းချတာကတော့ အဲဒီအမိန့်မှာက ၅ နေရာလောက်ဆိုပင်မဲ့ အခုနောက်ပိုင်း ထပ်တိုးတာတွေလည်းရှိမှာပေါ့၊ အဲဒီကေ့စ်နဲ့ နီးနီးနားနားပတ်ဝန်းကျင်တွေကိုတော့ ဖြည်းဖြည်းချင်းချဲ့ပြီး လော့ဒေါင်းချတာပေါ့။ တစ်မြို့နယ်လုံးကို ချုံပြောရရင်တော့ ဆရာတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ မီးသတ်တို့ကြက်ခြေနီတို့ကလည်း ကျန်းမာရေး အသိပညာပေးတွေ အော်ပေးနေတယ်။ အဓိက မှာချင်တာက လူစုလူဝေးမလုပ်ဖို့၊ တကယ်လို့ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်တောင်မှ Mask တပ်ပြီးသွားဖို့၊ အထူးသဖြင့် လက်ကိုဆပ်ပြာ နဲ့စင်ကျယ်အောင်ဆေးဖို့၊ နှာစေးချောင်းဆိုးရင်အုပ်ထားဖို့၊ သလိပ်တို့၊ တံတွေးတို့ကို စည်းကမ်းမဲ့မပစ်ဖို့ ဒါတွေ လိုက်နာရင်ပဲ မနည်းထိန်းချုပ်ပြီးသားဖြစ်သွားပြီ၊ ဆရာတို့က ပြောနေရုံနဲ့မရဘူး၊ ပြည်သူတွေ လိုက်နာမှ ဒီဟာအားလုံးထိန်းချုပ်လို့ရမှာ” လို့ ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ကိုဗစ်ကူးစက်ခံသူ အရေအတွက်ဟာ တစ်ဖြည်းဖြည်းနဲ့တိုးလာနေတာကြောင့် ကူးစက်ခံရသူတွေ ကုသနိုင်ဖို့ကို နေရာတွေ အဆင်ပြေအောင်စီမံဆောက်ရွက်ထားသလို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးမဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာစိုးဝင်းပိုင်က လက်ရှိဆေးရုံပိုင်းကို စိတ်ပူတာလည်း ပူမှာပေါ့လေ၊ ဒါပင်မဲ့ ကျနော်တို့ တာဝန်ရှိတဲ့ဆရာကြီးတွေနဲ့ ဒီမနက်ပဲသွားကြည့်ပြီး စီမံဆောင်ရွက်ထားတယ်။ ဝန်ထမ်းကတော့ ကူညီမဲ့ အဖွဲ့အစည်းတွေအများကြီး၊ နောက်မနက်ဖြန်မနက်ပိုင်းမှာ လေယာဉ်နဲ့ ပို့လာဦးမှာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာသစ် ၅၃ ဦးရှိပြီဖြစ်ပြီး စစ်တွေက ၄၈ ဦး၊ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၃၈ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၅ ဦးနဲ့ စောင့်ကြည့်လူနာ အသစ် ၄၀ ရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013