DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းကူးစက်ခံရသူ ၂ ဦးနှင့် အိန္ဒိယပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
August 23, 2020
ပြည်တွင်းကူးစက်ခံရသူ ၂ ဦးနှင့် အိန္ဒိယပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
Donate to DVB

သံတွဲမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိသူ ၂ ဦးနဲ့ တီးတိန်မြို့နယ်နေ အိန္ဒိယက ပြန်လာသူ  ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီထုတ်ပြန်ပါတယ်။

  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ဓာတ်ခွဲနမူနာ ၂၅၂ ခုနဲ့ ရန်ကုန်မြို့၊ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ၁၄၇ ခုတို့အား ဒုတိယသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့ပြီး  ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦးတွေ့ရှိခဲ့တာပါ။

တီးတိန်မြို့နယ်နေ လူနာသစ် အမှတ် ၄၄၂ ဟာ အိန္ဒိယက ပြန်လာပြီးနောက် တွန်းဇံမြို့နယ်မှာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိဘူးလို့ ဆိုပါတယ်။

သံတွဲမြို့က လူနာသစ် အမှတ် ၄၄၃ နဲ့ ၄၄၄ ကတော့ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့မှုမရှိဘဲ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သူတို့ကို သံတွဲနဲ့ တီးတိန် ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှု ခံယူစေမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေနဲ့ မြောက်ဦးမြို့နယ်တို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်နေ့ညက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာသစ် ၅၃ ဦးရှိပြီဖြစ်ပြီး စစ်တွေက ၄၈ ဦး၊ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၃၈ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၅ ဦးနဲ့ စောင့်ကြည့်လူနာ အသစ် ၄၀ ရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၈ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၅ ဒသမ ၈ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013