DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့က ဧရာဝတီတိုင်း လာသူများ Quarantine ဝင်ရမည်
DVB
·
August 22, 2020
စစ်တွေမြို့က ဧရာဝတီတိုင်း လာသူများ Quarantine ဝင်ရမည်
Donate to DVB

ရခိုင်ပြည်နယ် Stay at home ထုတ်ထားတဲ့ စစ်တွေမြို့နယ်ကနေ ဧရာဝတီတိုင်းကို လာရောက်သူတွေ Quarantine ၂၁ ရက် ဝင်ရမယ်လို့ တိုင်းအစိုးရ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက DVB ကို ပြောပါတယ်။

“အမိန့် ညွှန်ကြားချက်တွေ ထပ်ထွက်ပြီးသားပါ၊ လုပ်ဆောင်နေပါတယ်။ စစ်တွေမှာ ပြည်တွင်းကူးစက်မှု ဖြစ်နေတယ်၊ ရခိုင်ပြည်နယ်ဘက်က Stay at home မြို့တွေက လာတဲ့သူတွေဆိုရင် ဂိတ် ၃ ဂိတ် က စစ်ဆေးမှုတွေလုပ်တယ်။ အဲဒီကလာတဲ့သူတွေကို Quarantine ၂၁ ရက် ထားမယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ လာသူတွေကို Quarantine ကို ၁၄ ရက်ထားပြီး ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး ရောဂါပိုးမရှိပါက Stay home ၇ ရက်ထပ်နေရမယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းကို ရခိုင်ပြည်နယ်ဘက်ကနေ လာရောက်နိုင်တဲ့ နေရာတွေက ဂိတ် ၃ ဂိတ်ရှိပြီး ကြံခင်းမြို့နယ်က ဘတ်ရဲဂိတ်၊ ငါးသိုင်းချောင်းက ရေနံ့သာဂိတ်နဲ့ ပုသိမ်မြို့နယ်က ကျောက်ချွန်ဂိတ်တို့ ဖြစ်ပါတယ်။

ဘတ်ရဲဂိတ်မှ လာရောက်သူတွေကို ဟင်္သာတမြို့မှာ Quarantine ထားရှိမှာဖြစ်ပြီး၊ ငါးသိုင်းချောင်းမြို့ ရေနံ့သာဂိတ်နဲ့ ကျောက်ချွန်ဂိတ်တို့က လာရောက်သူတွေကိုတော့ ပုသိမ်မြို့မှာ Quarantine ထားမယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြည်ပပြန်လာသူတွေကို ပုသိမ်၊ မအူပင်နဲ့ ဟင်္သာတမြို့တွေမှာ Quarantine ထားရှိပြီး တိုင်းအတွင်းက ပြည်သူတွေကိုလည်း အပြင်ထွက်ရင် Mask တပ်ကြဖို့ ညွှန်ကြားထားပါတယ်။

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကလည်း ပြည်သူတွေ လူစုလူဝေးရှောင်ကြဖို့နဲ့ Mask တပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ပြည်သူကို မေတ္တာရပ်ခံချင်တာက social distancing ပြန်နေပေးပါ၊ လူစုလူဝေးကို ရှောင်ပါ၊ နောက်ပြီး လက်ဆေးရည်သုံးတဲ့ အလေ့အကျင့်တွေပြန်ပြီးတော့ လုပ်ပေးကြပါ။ ကိုဗစ်နဲ့ပတ်သက်ပြီး mask တပ်ဖို့ကိစ္စကို မဖြစ်မနေ လိုက်နာပေးပါ။ ပြည်တွင်းကူးစက်မှု ပြန်စနေတယ်၊ လူတွေ လျော့တိလျော့ရဲဖြစ်နေတယ်၊ ဗိုင်းရပ်စ် ပုံစံပြောင်းနေတယ်၊ ဒီအချက်တွေဟာ ကောင်းတဲ့အလားအလာ မဟုတ်ဘူး။”

စည်သူမောင်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013