DVB Logo
Home
မြန်မာသတင်း
မင်းကင်း အမှတ် ၃ ရပ်ကွက်၌ ရေဝင်ရောက်နေ၍ မီးသတ်တပ်ဖွဲ့ ရွှေ့ပြောင်းပေးနေ (ဓာတ်ပုံ)
DVB
·
August 22, 2020
မင်းကင်း အမှတ် ၃ ရပ်ကွက်၌ ရေဝင်ရောက်နေ၍ မီးသတ်တပ်ဖွဲ့ ရွှေ့ပြောင်းပေးနေ (ဓာတ်ပုံ)
1 / 4
Donate to DVB

မင်းကင်းမြို့နယ် အမှတ် ၃ ရပ်ကွက် မြေနိမ့်ပိုင်းနေရာတွေမှာ ရေဝင်ရောက်နေတာကြောင့် နေအိမ်တွေကို မီးသတ်တပ်ဖွဲ့က ရွှေ့ပြောင်းပေးနေပါတယ်။

ဒီနေ့မနက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ မင်းကင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေဟာ ရေဝင်ရောက်နေတဲ့ နေအိမ်တွေက ပစ္စည်းတွေကို ယွန်းကျောင်းဘုန်းတော်ကြီးကျောင်း၊ မင်းကျောင်းဘုန်းတော်ကြီးကျောင်းနဲ့ ပဇ္ဇောတာရုံဘုန်းတော်ကြီးကျောင်တွေကို ကူညီရွှေ့ပြောင်းပေးနေတယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။

အလားတူ ချင်းတွင်းမြစ်ရေဟာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်ထက် ရောက်ရှိနိုင်တာကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနေသူတွေ အထူးသတိပြုနေထိုင်ကြဖို့ ကနီမြို့နယ် မီးသတ်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အသိပေးဆော်ဩနေတယ်လို့ ဆိုပါတယ်။

Photo : Myanmar Fire Services Department

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013