DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ လူနာ ၃၇၈ နှင့်ထိတွေ့သူ ရန်ကုန်က ၃၃ ဦးကို ဓာတ်ခွဲစစ်ဆေးနေ
DVB
·
August 22, 2020
စစ်တွေမြို့ လူနာ ၃၇၈ နှင့်ထိတွေ့သူ ရန်ကုန်က ၃၃ ဦးကို ဓာတ်ခွဲစစ်ဆေးနေ
Donate to DVB

စစ်တွေမြို့ကနေ ရန်ကုန်ကို ဆေးလာကုခဲ့တဲ့ အတည်ပြုလူနာ ၃၇၈ နဲ့ဆက်စပ်သူ ၃၃ဦးကို လှိုင်မြို့နယ် Quarantine စင်တာမှာ အသွားအလာကန့်သတ်ပြီး သြဂုတ် ၂၁ ရက်က ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲနမူနာ ပေးပို့ စစ်ဆေးထားတယ်လို့ ကျန်းမာရေးဌာနကတာဝန်ရှိသူက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က ၁၅ ဦး၊ လမ်းမတော် ရွှေလမင်းဆေးရုံက ဆရာဝန် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးအပါအဝင် လူနာ ၃၇၈ နဲ့ ဆက်စပ်သူ ၃၃ ဦးရဲ့ ဓာတ်ခွဲနမူနာတွေ စစ်ဆေးထားတယ်လို့ ဆိုပါတယ်။

“မြောက်ဥက္ကလာ ခေမာကျောင်းလမ်းက ၁၅ ဦးကို ရောဂါပိုးစစ်ဆေးပြီးပြီ၊ သူတို့ထဲက ၂ ဦးမှာ ရောဂါပိုးတွေ့တယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြနေတာတွေက သတင်းအမှားတွေပါ။ သူတို့က သြဂုတ် ၂၀ ရက် မနက်ပိုင်းကမှ လှိုင်မြို့နယ် Quarantine စင်တာမှာ အသွားအလာ ကန့်သတ်တာဖြစ်တော့ သူတို့တွေရဲ့ နာမည်စာရင်းအတိအကျ ယူနေရသေးပါတယ်။ ရွှေလမင်းဆေးရုံက professor ဆရာဝန်တဦးနဲ့ staff ၁၀ ဦးကလည်း အတည်ပြုလူနာ ၃၇၈ နဲ့ ထိတွေ့မိလို့ ဒီလှိုင်စင်တာမှာပဲ Quarantine လာဝင်နေပါတယ်။ အဲဒါကြောင့် အခု ၃၇၈ နဲ့ ထိတွေ့မိတဲ့ ရန်ကုန်က အားလုံးစုစုပေါင်း ၃၃ ဦးကို သြဂုတ် ၂၁ မနက်မှာ ရောဂါပိုး ဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးနေပါတယ်။ ရလဒ်အဖြေ မထွက်သေးပါဘူး။”

အတည်ပြုလူနာအမှတ် ၃၇၈ ဟာ သြဂုတ် ၁ ၆ ရက်နေ့က ပြည်ပခရီးသွားရာဇဝင်မရှိဘဲ စစ်တွေဆေးရုံကနေ စောင့်ကြည့်လူနာအဖြစ် ရောဂါပိုးဓာတ်ခွဲစစ်ဆေးရာကနေ တွေ့ရှိရသူ CB ဘဏ်ဝန်ထမ်း အတည်ပြုလူနာ ၃၇၅ ရဲ့ လုပ်ဖော်ကိုင်ဖက် CB ဘဏ်ဝန်ထမ်းမိန်းကလေးတဦးရဲ့ အမေ ဖြစ်ပါတယ်။

လူနာ ၃၇၅ နဲ့ တိုက်ရိုက်ထိတွေ့သူ သမီးဖြစ်သူမှာ ရောဂါစစ်ဆေးမှုအဖြေအရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ပေမဲ့ အသက် ၅၀ အရွယ် နောက်ခံရောဂါရှိသူ အမေမှာ ရောဂါပိုးတွေ့ရှိရပြီး လူနာအမှတ် ၃၇၈ အဖြစ် အတည်ပြုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013