DVB Logo
Home
မြန်မာသတင်း
အထက်တန်းကျောင်း ၈၀၀ ကျော် ရက်ပိုင်းအတွင်းဖွင့်နိုင်ရန် တင်ပြထားဟု ပညာရေးဝန်ကြီး ပြော
DVB
·
August 21, 2020
အထက်တန်းကျောင်း ၈၀၀ ကျော် ရက်ပိုင်းအတွင်းဖွင့်နိုင်ရန် တင်ပြထားဟု ပညာရေးဝန်ကြီး ပြော
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို အကန့်အသတ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးနေရာမှာ လာမယ့် ရက်ပိုင်းအတွင်း အထက်တန်းကျောင်း ၈၂၅ ကျောင်းကို ဖွင့်လှစ်နိုင်ဖို့ တင်ပြထားတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စတင်ပြီး အခြေခံပညာအထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်ခွင့်ပေးထားခဲ့ရာမှာ ကျောင်းစုစုပေါင်း ၇၁၇၃ ကျောင်းရှိရာမှာ ကျောင်းပေါင်း ၅၇၀၀ ကို ပြန်လည်ဖွင့်ခွင့်ပေးထားပြီးဖြစ်ပါတယ်။ 

ကျန်ရှိနေတဲ့ ကျောင်းတွေထဲက ၈၂၅ ကျောင်းကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်ခွင့်ပေး တော့မှာဖြစ်သလို တိုက်ပွဲရှောင်တွေအပါအဝင် ပိတ်ထားတဲ့ကျောင်း ၄၄ ကျောင်းရှိတယ်လို့  လို့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက  ဩဂုတ် ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“၈၂၅ ကျောင်းကိုလည်း အေအဆင့် ဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ရက်နှစ်ရက်အတွင်း ခွင့်ပြုနိုင်ဖို့အတွက်ကို တင်ပြဆောင်ရွက်ထားပါကြောင်းနဲ့ ကျန်ရှိနေတဲ့ ကျောင်းတွေကတော့ ၅၄၈ ကျောင်းသည် ကိုယ်ပိုင်ကျောင်းတွေဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ သဘောထားမှတ်ချက်ကို ကျနော်တို့က ဘော်ဒါဆောင်တွေ ရှိမရှိ၊ ဘော်ဒါဆောင်ကလည်း တချို့ကိုယ်ပိုင်ကျောင်းတွေသည် သူ့ Campus ထဲမှာ မရှိဘဲ တခြားမှာ ရှိတာတွေလည်း ရှိတဲ့ အတွက် ဒါတွေကို သဘောထားစိစစ်တောင်းခံထားပါကြောင်းနဲ့ စစ်ဆေးဖို့ ကျန်တဲ့ကျောင်းသည် ၃၅ ကျောင်းပဲ ကျန်ပါကြောင်းနဲ့ တိုက်ပွဲရှောင်အပါအဝင် အခြားအကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားတဲ့ကျောင်း ၄၄ ကျောင်းရှိပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။”

အခြေခံပညာအထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်ခွင့်ပေးထားပေမယ့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပါက ချက်ချင်းပြန်လည်ပိတ်နိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဖွင့်ထားပြီး ကျောင်းတွေမှာ ကိုဗစ်-၁၉ ကာကွယ်တားဆီး ရေးအတွက် ဆောင်ရွက်မှုတွေအား ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကို နေ့စဉ်တင်ပြနေတယ်လို့လည်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

“ဖျားနာသူရှိမရှိ Zero Reporting ကို နေ့စဉ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို တင်ပြရပါတယ်။ ပိုးသတ်သန့်စင်ခြင်းတွေ ဆောင်ရွက်ရပါတယ်။ ကာကွယ်တားဆီးရေးအတွက် ရေ၊ ပတ်ဝန်းကျင်နဲ့ တကိုယ်ရေသန့်ရှင်းရေးတွေအတွက်ကိုလည်း စက္ကန့် ၂၀ ကြာ လက်ဆေးဖို့အတွက် Hand Speaker တွေနဲ့ ကျောင်းသား/ကျောင်းသူတွေကို အသိပညာပေးဖို့နဲ့ စာသင်ခန်းထဲမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ ၂၀ ဦးကလည်း အလှည့်ကျ အရေးအကြီးဆုံး ၅ ချက်ကို နေ့စဉ် ပြောပြီးတော့မှ ကျောင်းသားတဦးနဲ့တဦး ပစ္စည်းတွေကို မလဲဖို့၊ ကိုယ့်ခုံမှာပဲ ကိုယ်ထမင်း၊ မုန့် အိမ်ကယူလာတာကိုပဲ စားဖို့ ဒါလေးတွေကို စီစဉ်ဆောင်ရွက်ရပါတယ်။”

အခြေခံပညာအထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်နိုင်ဖို့အတွက် ဆောင်ရွက်နေပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ  ကိုဗစ်-၁၉ ပေါ့စတစ်လူနာတွေ တွေ့ရှိရတာကြောင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက အထက်တန်းကျောင်းတွေ အားလုံးကို ပြန်ပိတ်ထားပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013