DVB Logo
Home
မြန်မာသတင်း
စစ်တွေကလာသူများ Home Quarantine ဝင်ရမည်ဟု ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးပြော
DVB
·
August 21, 2020
စစ်တွေကလာသူများ Home Quarantine ဝင်ရမည်ဟု ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးပြော
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ ကျောက်ဖြူမြို့ကို လာရောက်တဲ့သူတွေ ဆေးစစ်မှုခံယူရမှာဖြစ်ပြီး Home Quarantine ထားရှိသွားမယ်လို့ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့တဲ့သူတွေကိုတော့ ဓာတ်ခွဲနမူနာစစ်ဆေးပြီး Facility Quarantine ထားရှိသွားမယ်လို့ ဆိုပါတယ်။

‌ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်းက “စစ်တွေကလာရင် ဆေးစစ်မယ်၊ Home Quarantine ထားမယ်၊ နောက်ပြီးတော့ အဲဒီမှာ လူနာတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံနေထိုင်ခဲ့တဲ့သူတွေကို Swab ယူမယ်၊ ၂ မျိုးကွာ၊ တခုက စစ်တွေကလာလို့ နာမည်စာရင်းပေးထားတာတွေရှိတယ်။ ဒီရောဂါဖြစ်တဲ့သူတွေနဲ့ ထိတွေ့ ထားတဲ့သူတွေရှိတယ်၊ အနီးစပ်ဆုံးပေါ့။ အဲဒီလူတွေအကုန်လုံးကိုတော့ Quarantine ထားပြီးတော့ Swab ယူမယ်၊ သူတို့ကိုတော့ သီးသန့်ထားမယ်၊ ကျန်တဲ့သူတွေကတော့ ဘာမှထိတွေ့မှုမရှိတဲ့ သူတွေကတော့ ဆေးရုံမှာ ဆေးစစ်မယ်၊ Home Quarantine ထားမယ်၊ လိပ်စာတွေယူထားမယ်၊ အခုအခြေအနေကတော့ အဲဒီအတိုင်းပဲပေါ့” လို့ ပြောပါတယ်။

စစ်တွေမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တွေ့ရှိလာပြီးနောက် ကျောက်ဖြူခရိုင်မှာ သက်ဆိုင်ရာဌာနအလိုက် ကိုဗစ်-၁၉ အသိပညာပေးနှိုးဆော်တာတွေနဲ့ စည်းကမ်းတင်းကျပ်တာတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဦးသန်းထွဋ်ဦးက “စည်ပင်ကတော့ မနေ့ကတည်းကစပြီး နှိုးဆော်တာတွေ လုပ်တယ်လို့ ပြောတယ်၊ ဒီနေ့လည်းလိုက်အော်လိုက်မယ်၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ မလို အပ်ရင်အပြင်မထွက်ပါနဲ့ အဓိကတော့ အဲဒီ ၄ ချက်ပေါ့။ လိုက်နာမှုအားနည်းနေတာတွေကိုတော့ ကျနော်တို့ကတင်းကျပ်မယ်လေ၊ ပထမအကြိမ်ပညာပေးမယ်၊ ပညာပေးလို့မရဘူးဆိုရင်တော့ ထုံးစံအတိုင်း ဥပဒေအရအရေးယူမှာပေါ‌ေ။ အခုတော့ အကုန်လုံးကို လူစုလူဝေးလုပ်မဲ့ ဆိုင်တွေကိုလည်း အကုန်လိုက်ပြီးတော့ နှိုးဆော်နေတယ်၊ နှိုးဆော်လို့မှမပြင်ရင် အဲဒီဆိုင်ကို ၃ ရက်ပိတ်ဖို့ ညွှန်ကြားပြီးသား၊ နောက်နေ့တွေမှာလည်း မပြင်ရင် အပြီးပိတ်သိမ်းဖို့အတွက် ဒါတွေကို အရေးယူဖို့အတွက် လုပ်နေတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူခရိုင်မှာ လက်ရှိအချိန်ထိ COVID-19 ရောဂါကူးစက်သူမရှိပေမဲ့ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ(၁၆)ရက်နေ့က စတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်သူ တိုးလာနေတာကြောင့် ကျောက်ဖြူမြို့ဒေသခံတွေအနေနဲ့ ရောဂါကူးစက်ခံရမှာစိုးရိမ်တဲ့အတွက် အခုလို စီစဉ်တာလို့ ဆိုပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013