DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ
DVB
·
August 20, 2020
စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၃ ဦး တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၂၈၅ ခု၊ ဆေးသုတေသနဦးစီးဌာနက  ဓာတ်ခွဲနမူနာ ၁၆၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၇၉ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၁၇၆ ခု၊ စုစုပေါင်း ၈၀၀ ခု အား ဒီနေ့ညနေ စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ် လူနာသစ်အမှတ်  ၃၉၇ (မ) နဲ့ အသက် ၈၃ နှစ်အရွယ် လူနာသစ်အမှတ် ၃၉၉ (ကျား) တို့က ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘဲ အသက် ၂၈ နှစ်အရွယ် လူနာသစ် အမှတ် ၃၉၈ (မ) ကတော့ လူနာအမှတ် ၃၉၅ နဲ့ ထိတွေမှုရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သူတို့ ၃ ဦးကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်၊

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  စုစုပေါင်း ၃၃၃ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013