DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ကလာသူများ ရန်ကုန်တွင် Quarantine ဝင်ရမည်
DVB
·
August 20, 2020
စစ်တွေမြို့ကလာသူများ ရန်ကုန်တွင် Quarantine ဝင်ရမည်
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ  ရန်ကုန်ကို လာရောက်မယ့်သူတွေဟာ ရန်ကုန်မြို့မှာ Quarantine ဝင်ရောက်ရမှာဖြစ်ပြီး ဓာတ်ခွဲနမူနာ ၂ ကြိမ်ယူရမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Hotel Quarantine ဒါမှမဟုတ်  Facility Quarantine ရွေးချယ်နိုင်ပြီး  အသေးစိတ်ကို ဆက်လက်ဖော်ပြမယ်လိုလည်း ရေးသားထားပါတယ်။ 

အခုရက်ပိုင်း စစ်တွေမှာ ပြည်တွင်းကူးစက်မှုတွေ ရက်ဆက်ဆိုသလို တွေ့လာပြီးတဲ့နောက်ပိုင်းမှာ အခုလို သတ်မှတ်ချက်ကို ထားရှိလိုက်တာဖြစ်ပါတယ်။ 

စစ်တွေမြို့မှာ ဒီနေ့မနက်ပိုင်းအထိ ပြည်တွင်းကူးစက်လူနာ ၆ ဦး တွေ့ရှိထားပြီဖြစ်သလို သံသယ စောင့်ကြည့်လူနာတွေလည်း ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။ 

စစ်တွေမြို့မှာ ပိုးတွေ့လူနာတွေ နေထိုင်တဲ့ ရပ်ကွက်တွေကို အသွားအလာ ကန့်သတ်ထားသလို လူနာတွေနဲ့ ထိတွေ့သူတွေနဲ့ လုပ်ငန်းခွင်တခုတည်းမှာ အတူတူလုပ်ကိုင်နေသူတွေကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉၆ ဦး၊  သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၃ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ   ၃၂၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၆ ဦးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013