DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း လူဦးရေအားလုံးအတွက် စားသုံးဆီ ၈၇၂ တန် ထောက်ပံ့မည့်
DVB
·
August 20, 2020
မကွေးတိုင်းအတွင်း လူဦးရေအားလုံးအတွက် စားသုံးဆီ ၈၇၂ တန် ထောက်ပံ့မည့်
1 / 4
Donate to DVB

ကိုဗစ်-၁၉ ကာလအတွင်း မကွေးတိုင်းဒေသကြီးက လူဦးရေ အားလုံးအတွက် စားသုံးဆီ ၈၇၂ ခွဲတန်ရရှိပြီး ထောက်ပံ့ပေးသွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ပြောပါတယ်။

မကွေးတိုင်း စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက "ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်းမှာ နိုင်ငံတော်က ပြည်သူတွေအတွက် ဆန်နဲ့ ဆီထောက်ပံပေးမှာဖြစ်ပြီး လောလောဆယ် မကွေးတိုင်းအတွက် စားသုံးဆီ ၈၇၂ တန် ခွဲတမ်းရရှိတာဖြစ်တယ်။ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ COVID-19 အရေးပေါ်ကာလအတွင်းမှာ ပြည်သူ တွေအတွက် ရိက္ခာပြတ်လတ်မှုမရှိအောင် အရန်ဆန်နဲ့စားသုံးဆီတွေ ဝယ်ယူသိုလှောင်ထားတာ ဖြစ်တယ်”လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့နှစ်စာရင်းတွေအရ လူဦးရေ ၃ဒသမ၉ သန်းရှိပြီး အခုနှစ်မှာ လူဦးရေ ၄ သန်းခန့်ရှိနေတဲ့အတွက် ယခင်နှစ်စာရင်းအတိုင်း ရရှိတဲ့ခွဲတမ်းကို ၄ သန်းနဲ့မျှအောင်လို့ တဦးကို စားအုန်းဆီ ၁၂ ကျပ်သားခန့် ပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီပစ္စည်းတွေ သိုလ်လှောင်ထားတာနဲ့နေရာတွေကို သဘာဝဘေးဖြစ်မှာစိုးလို့ ဝန်ထမ်းတွေ တာဝန်ချထားပြီး တိုင်းအစိုးရအဖွဲ့ကိုတင်ပြကာ ဗဟိုကညွှန်ကြားချက်ရတာနဲ့ ချက်ချင်းဖြန့်ဝေပေး သွားမယ်လို့ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013