DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၂ ဦး တွေ့ရှိ
DVB
·
August 20, 2020
စစ်တွေမြို့တွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၂ ဦး တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသားရာဇဝင်မရှိတဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးနဲ့ ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က  ဓာတ်ခွဲနမူနာ ၅၆၄ ခု၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀က  ဓာတ်ခွဲနမူနာ ၉၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၆၅၉ ခုကို ဒုတိယသုတ်အဖြစ် စစ်ဆေးခဲ့ပြီး လူနာသစ် ၂ ဦးတွေ့ရှိခဲ့တာပါ။

လူနာသစ် အမှတ် ၃၉၅ (ကျား) ဟာ ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ နဲ့ ထိတွေ့ခဲ့သူဖြစ်ပြီး  လူနာအသစ် အမှတ် ၃၉၆ (မ) ကတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိဘဲ သူတို့ကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၀၅ ခုကို ပထမအသုတ်အဖြစ် စစ်ဆေးရာမှာလည်း အိန္ဒိယနဲ့ ဖိလစ်ပိုင်က ပြန်လာသူ ၁၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉၆ ဦး၊  သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၃ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ   ၃၂၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၆ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂ သန်းကျော်၊ သေဆုံးသူ ၇ သိန်း ၉ သောင်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၅ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013