DVB Logo
Home
မြန်မာသတင်း
လက်နက်အားကိုး “နိုင်ငံရေးဓလေ့ဆိုး”ကို ဖြတ်တောက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း 
DVB
·
August 19, 2020
လက်နက်အားကိုး “နိုင်ငံရေးဓလေ့ဆိုး”ကို ဖြတ်တောက်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း 
Donate to DVB

ငြိမ်းချမ်းရေးကိုတည်ဆောက်ရာမှာ သေနတ်သံတွေ တိုးတိတ်သွားရုံသက်သက် မဟုတ်ဘဲ  လက်နက်အားကိုးမှ၊ အင်အားကို အသုံးချမှရမယ်ဆိုတဲ့ “နိုင်ငံရေးဓလေ့ဆိုး” ရေသောက်မြစ်ကို ဖြတ်တောက်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

သြဂုတ် ၁၉ ရက် မနက်က နေပြည်တော်မှာ ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံအစည်း အဝေးမှာ ပြောသွားတာဖြစ်ပါတယ်။

ဆက်လက်ဆွေးနွေးရဦးမယ့် ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်နဲ့ ပတ်သက်လို့ မကြာခင်ပြေလည်အောင်မြင်သွားမယ်လို့ အပြုသဘောရှုမြင်တယ်လို့လည်း ပြောပါတယ်။ 

နှစ်ပေါင်း ၇၀ ကျော် အဆိုးသံသရာလမ်းကို မိုက်မိုက်မဲမဲဆက်လျှောက်မလား ပြည်ထောင်စုကြီးရဲ့ အနာဂတ် အတွက် လမ်းဟောင်းကနေ လမ်းကြောင်းပြောင်းပြီး ငြိမ်းချမ်းရေး လမ်းသစ်ကို လျှောက်ကြမလားလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်ပါတယ်။ 

အားလုံးမျက်စေ့မမှိတ်ခင်မှာ နိုင်ငံငြိမ်းချမ်းရေရတာကို မြင်သွားချင်တယ်၊ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတဲ့ခံယူချက်နဲ့ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဝန်းရံ တွန်းအားပေးကြဖို့လည်း တိုက်တွန်းပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ   ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့  အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နိုင်ငံရေး ဆွေးနွေးမှုတွေ ပီပီပြင်ပြင် မဆောင်ရွက်နိုင်ခဲ့တာဟာ အချိန် ၂ နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို  ၂ နှစ်နီးပါးမကျင်းပနိုင်ခဲ့တာဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး သင်ခန်းစာယူပြင်ဆင်ရမယ်လို့ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားတွေဟာ နိုင်ငံတော်ကိုဆန့်ကျင်နေတာ၊ တက်လာတဲ့အစိုးရကို ဆန့်ကျင်နေတာဖြစ်ပြီး ဆိတ်ခေါင်းချိတ်ပြီးခွေးသားမရောင်းဖို့ ပြောဆိုလိုက်ပါတယ်။

အဲဒီလို ပြောဆိုချက်အပြင် တိုင်းရင်းသားအခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား ၁၃၅ မျိုးအတွက်အခွင့်အရေးတွေကို ၂၀၀၈ဖွဲ့စည်းပုံမှာ အတိအလင်းဖော်ပြထားပြီး လူများစု လူနည်းစုခွဲခြားထားတာမရှိပါဘူးလို့လည်း တပ်ချုပ်က  မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။

ကြိုးစားမှုအပါ်မူတည်ပြီး အခွင့်အရေးရမှာဖြစ်ပါတယ်။ We are Myanmar ဆိုတဲ့ စိတ်ထားဖို့လိုပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ထားဖို့ လိုပါတယ်။ အခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အဆင်မပြေတာဟာ မရိုးသားမှုကြောင့်ပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အကျိုးစီးပွားအတွက် တခြားလုပ်ငန်းစဉ်တွေတွဲဆက်ထားမှုတွေကြောင့်ဖြစ်ပါတယ်လို့  ဗိုလ်ချုပ်မှူးကြီဂက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေက တန်းတူညီမျှရေးလောက်ကိုသာတောင်းဆိုတာကို မပေးချင်ရင် ရှေ့ဆက်အဆင်မပြေနိုင်ဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  စိုင်းညွန့်လွင်ကပြောပါတယ်။

မျှော်မှန်းထားသလောက် ခရီးမပေါက်ခဲ့ပါဘူး။ ချစ်ချစ်ခင်ခင်ယှဉ်တွဲနေထိုင်ဖို့ဆိုတာ တန်းတူညီမျှရေးတစ်တန်းထဲဖြစ်ဖို့ လိုပါတယ်။ တန်းတူညီမျှရေးလောက်ကိုပဲ တိုင်းရင်းသားတွေက တောင်းဆိုတာဖြစ်ပါတယ်လို့လည်း စိုင်းညွန့်လွင်ကပြောပါတယ်။

ညီလာခံကိုအပစ်မရပ်ရသေးတဲ့ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့မတက်ရောက်နိုင်တာကိုတော့ တိုင်းရင်းသားအဖွဲ့တွေအကြားထဲမှာ ကျေလည်မှုမရှိခဲ့ပါဘူး။

စတုတ္ထအကြိမ်၂၁ရာစုပင်လုံကို ဩဂုတ် ၁၉ ရက်မှ  ၂၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေတာပါ။ ညီလာခံမှာ ဖက်ဒရယ်အခြေခံမူ ၅ ချက်ထဲက လေးချက်ပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးကြမှာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013