DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင်  လျှပ်စစ်ဓာတ်အား တရားမဝင်အသုံးပြုသည့် ၂၇ အိမ်ကို စစ်ဆေးအရေးယူ  
DVB
·
August 18, 2020
ချောက်မြို့တွင်  လျှပ်စစ်ဓာတ်အား တရားမဝင်အသုံးပြုသည့် ၂၇ အိမ်ကို စစ်ဆေးအရေးယူ  
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှာ  တရားမဝင် နည်းလမ်းတွေနဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲနေတဲ့ လူနေ ၂၇ အိမ် စစ်ဆေးတွေ့ရှိခဲ့​လို့ အရေးယူထားတယ်လို့ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးက သိရပါတယ်။

လျှပ်စစ်ဓာတ်အားယူနစ် ပျောက်ဆုံးမှုများနေတာကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတာဝန်ရှိတွေက  ပျောက်ဆုံးယူနစ်လျော့ကျစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာမှာ  ၂၀၂၀ ဇန်နဝါရီမှ  ဩဂုတ် ၁၇ ရက်နေ့အထိ တရားမဝင်နည်းလမ်းတွေနဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲနေတဲ့ နေအိမ် ၂၇ အိမ် စစ်ဆေးတွေ့ရှိခဲ့​တာပါ။

အဆိုပါနေအိမ် ၂၇ အိမ်ထံကနေ လျော်ကြေး၊ ဒဏ်ကြေး နစ်နာကြေးငွေ ကောက်ခံခဲ့ရာမှာ ကျပ်ငွေ ၃၁၆၄၀၉၅ ကျော် ရရှိတယ်လို့ ချောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကနေ သိရပါတယ်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်က “မသင်္ကာတဲ့ ရပ်ကွက်တွေကို ရပ်ကွက်အလိုက် စစ်ဆေးတာ။ တချို့ကျ သတင်းပေးလို့ သွားစစ်တာရှိတယ်။ အရင်လက သုံးတာများတယ်။ ဒီလကျ အသုံးကျသွားတယ်။ ဘာကြောင့် ကျတာလည်း မသုံးလို့ကျတာလား။ မီတာ error ကြောင့် ကျတာလား။ ဒါမှမဟုတ် ခိုးသုံးလို့ ကျတာလား။ အဲလိုမျိုး စစ်ဆေးတာမှာ တွေ့ရှိတာဖြစ်ပါတယ်" လို့ ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တွေရှိ  လျှပ်စစ်ဓာတ်အားသုံးစွဲ‌နေတဲ့ နေအိမ်တွေကိုစစ်ဆေးရာမှာ  မီတာရှိ နှစ်လိုင်းသုံးတိုက်ရိုက်၊ တစ်လိုင်းတိုက်ရိုက် သုံးစွဲတာ၊ ဆားဗစ်အဝင်မှ ဖောက်သုံးတာ၊ ခွထောက်သုံးစွဲတာ၊ မီတာ အဝင်ကြိုးကနေပေါင်းပြီး သုံးစွဲတာတွေ တွေ့ရသလို မီတာမရှိဘဲ တိုက်ရိုက် တရားမဝင်ဓာတ်အားရယူ သုံးစွဲနေတာကို စစ်ဆေးတွေ့ရှိတယ်လို့  သိရပါတယ်။

တရားမဝင်နည်းတွေနဲ့ လျှပ်စစ်ဓာတ်ကို အသုံးပြုတဲ့ နေအိမ်တွေအနေနဲ့ နောက်တစ်ကြိမ် ထပ်မံပြုလုပ်ပါက ရာသက်ပန် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် အပိတ်ခံရမှာဖြစ်တယ်လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်က ပြောပါတယ်။

ချောက်မြို့မှာ တစ်လကို လျှပ်စစ်ဓာတ်အား ပျောက်ဆုံးယူနစ် ခြောက်သောင်း၊ ခုနှစ်သောင်း ယူနစ်လောက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၇ ၊ ၁၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ပျောက်ဆုံးယူနစ်လျော့ကျရေးအတွက် အရင်မီတာဟောင်းတွေနဲ့ ရပ်ပျက်နှေး မီတာတွေကို ဒစ်ဂျစ်တယ်မီတာတွေနဲ့ လှဲလှယ်တပ်ဆင်တာ၊ ကြိုးသေးဓာတ်အားလိုင်းတွေနဲ့ တစ်လိုင်းသွား ဓာတ်အားလိုင်းတွေကို သုံးလိုင်းသွား ဓာတ်အားလိုင်းတွေအဖြစ် ပြောင်းလဲတပ်ဆင်ပေးတာ၊  ကာဗာ 95 အမ်ပီယာကြိုးတွေနဲ့ အသစ်လှဲလှယ်တာတွေ လုပ်ဆောင်နေပါတယ်။

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013