Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်အခက်ကြုံနေသည့် မြန်မာနိုင်ငံသား ၅၃ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်ခေါ်
DVB
·
August 18, 2020
117444831_1543273605872929_7630406216346279984_o
ကိုဗစ်-၁၉ ကပ်ဘေးကာလ ထိုင်းနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ထိုင်းနိုင်ငံ မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးတို့ကို မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ရာ မနေ့ညက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာတယ်လို့ဆိုပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး သတ်မှတ်နေရာတွေမှာ ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြပ်ထားရှိမှာဖြစ်ပါတယ်။ ကပ်ဘေးကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက  ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့  မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးနေရာမှာ ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် ၇ ကြိမ် ပျံသန်းပြေးဆွဲခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024