DVB Logo
Home
မြန်မာသတင်း
စိတ်ကျန်းမာရေးမကောင်းသည့် မြန်မာအမျိုးသမီး ၁ ဦး တရုတ်နိုင်ငံတွင် အခက်အခဲကြုံနေ
DVB
·
August 17, 2020
စိတ်ကျန်းမာရေးမကောင်းသည့် မြန်မာအမျိုးသမီး ၁ ဦး တရုတ်နိုင်ငံတွင် အခက်အခဲကြုံနေ
Donate to DVB

တရုတ်နိုင်ငံထဲမှာ ရောက်နေတဲ့ မြန်မာအမျိုးသမီးဦးဟာ စိတ်ကျန်းမာရေးအခြေအနေ ကြောင့် ဘယ်သူဘယ်ဝါ မစိစစ်နိုင်ဘဲ သိရှိသူတွေအနေနဲ့ အကြောင်းကြားပေးဖို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အကူအညီတောင်းထားပါတယ်။

တရုတ်နိုင်ငံ ကျန်ရှီးပြည်နယ်၊ ဖန်းချောင်မြို့မှာ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသမီးတယောက်ကို ဇူလိုင် ၉ ရက်က ဖန်းချောင်မြို့ ပြည်ဝင်ပြည်ထွက် စီမံခန့်ခွဲရေးဌာနက တွေ့ခဲ့တာပါ။

သူ့မှာ နာမည်၊ လိပ်စာ၊ နိုင်ငံသားအထောက်အထား တခုမှ မပါဘဲ စိတ်ကျန်းမာရေး အခြေအနေကြောင့် ဖန်းချောင်မြို့ ဆေးရုံမှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

စကားပြန်က တဆင့်မေးမြန်းရာမှာတော့ မြန်မာစကား နည်းနည်းပြောတတ်တာကြောင့် မြန်မာနိုင်ငံသားလို့ ယူဆပြီး မြန်မာသံရုံးက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း နာမည်ကိုတော့ မဖြေနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် မြန်မာသံရုံးတာဝန်ရှိသူတွေအနေနဲ့ လူကိုယ်တိုင်သွားနိုင်ဖို့ အကန့်အသတ်ဖြစ်နေပြီး ဖုန်းနဲ့ပဲ အကြိမ်ကြိမ်မေးခဲ့ရာမှာလည်း မကွေးတိုင်းကလာတယ်၊ မူဆယ်က လာတယ်လို့ ဖြေကြားနေတယ်လို့ ဆိုပါတယ်။

ဒီအမျိုးသမီးကို သိရှိသူ၊ သူနဲ့ပတ်သက်တဲ့ သတင်းအချက်တွေ သိရှိသူတွေအနေနဲ့ ပေကျင်းမြို့ မြန်မာသံရုံးဖုန်း +၈၆ ၀၁၀ ၆၅၃ ၂၄ ၅၅၄ နဲ့ +၈၆ ၁၃၂၆ ၀၁၁ ၃၈၉၉ တို့ကို ဆက်သွယ်ပေးဖို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013