DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့က စောင့်ကြည့်လူနာ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ 
DVB
·
August 16, 2020
စစ်တွေမြို့က စောင့်ကြည့်လူနာ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ 
Donate to DVB

ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိတဲ့ စစ်တွေမြို့က အမျိုးသမီး တစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၆ ရက်ည၈ နာရီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါလူနာသစ်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိသလို  ပြည်ပနိုင်ငံတွေကို ခရီးသွားခဲ့ခြင်းလည်းမရှိဘဲ စစ်တွေဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိသူဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြည်ပကိုခရီးသွားခဲ့တာမရှိဘဲ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေ့ရှိခဲ့တာ  ဇူလိုင် ၁၇ ရက်နေ့က နောက်ဆုံးဖြစ်ပြီး အခု တစ်လနီးပါးအကြာမှာ နောက်ထပ် လူနာသစ် တစ်ဦး  ထပ်တွေ့ရတာလည်းဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၃၇၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၁၅ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၄၅ ခု စုစုပေါင်း ၆၃၄ ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ဦး တွေ့ရှိရတာပါ။

ဩဂုတ် ၁၆ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၇၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာပြန်ကောင်းလာသူ ၃၂၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၂၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၉ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013