
ပြင်သစ်နိုင်ငံမှာ A400M စစ်လေယာဉ်က လက်ကယ်နူမြို့နယ်ထဲ တောမီးလောင်နေတဲ့ သစ်တောမြေပေါ်က မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်တွေမှာ ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်က ပါဝင်ခဲ့ပါတယ်။
ပြင်သစ်ဝန်ကြီးချုပ် ဆီဘတ်စတီယန်လီကော်နူးက ဇူလိုင် ၂၅ ရက်မှာ Airbus လေယာဉ် A400M ကို ဖြန့်ကြက် တာဝန်ပေးဖို့ အမိန့်ပေးခဲ့ပြီး ကပ်ဖာရက် ကျွန်းဆွယ်တဝိုက်မှာ လောင်နေတဲ့ တောမီးတွေကို ထိန်းချုပ်နိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
A400M လေယာဉ်ဟာ Dash လေယာဉ် ၂ စင်းနဲ့ညီပြီး မီးငြိမ်းဆေး တန်ချိန် ၂၀ ကို သယ်ဆောင်နိုင်တယ်လို့ ကျွမ်းကျင်သူတယောက်က BFMTV မှာ ပြောပါတယ်။
နွေရာသီရဲ့ အထွတ်အထိပ်မှာ အဓိက ခရီးသွားနေရာတခုဖြစ်တဲ့ ကပ်ဖာရတ်ကျွန်းဆွယ်မှာ မီးတွေ ဝိုင်းနေပြီး အာဏာပိုင်တွေက ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းက လူ ၁၉၇,၀၀၀ ကို ဘေးလွတ်ရာဆီ ရွှေ့ပေးပြီးပါပြီ။
လူ ၆,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ စံချိန်တင် အပူလှိုင်းအပြီးမှာ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက နိုင်ငံတဝန်း မီးဘေးဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ မီးသတ်သမားတွေကို ကူညီဖို့ စစ်တပ်ကို စေလွှတ်ခဲ့ပါတယ်။
ကပ်ဖာရတ် တောမီးဟာ စနေနေ့မှာ ကုန်းတွင်းပိုင်းဆီ ရွေ့လာပြီး ဘော်ဒိုးဆိပ်ကမ်းမြို့ကနေ မိုင် ၃၀ အကွာ ဧရိယာထိ ရောက်လာပါတယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး လူဟုံနျူညက်ဇ်က စနေနေ့မှာ အခြေအနေ ပိုငြိမ်သက်သွားပေမဲ့ နေ့လယ်ပိုင်းမှာ လေတိုက်နှုန်းပြန်မြင့်လာမယ်လို့ မျှော်လင့်ရတဲ့အကြောင်း ပြောပါတယ်။
Source: Reuters











