DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အာဟာရဖွံ့ဖြိုးရေးစီမံကိန်း စတင်အကောင်အထည်ဖော်မည်
DVB
·
August 15, 2020
ဧရာဝတီတိုင်းတွင် အာဟာရဖွံ့ဖြိုးရေးစီမံကိန်း စတင်အကောင်အထည်ဖော်မည်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ကဏ္ဍပေါင်းစုံပါဝင်တဲ့ အာဟာရဖွံ့ဖြိုးရေးစီမံကိန်းကို ၅ နှစ်စာ ရေးဆွဲထားပြီး  စီမံကိန်းအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ဧရာဝတီတိုင်းဟာ မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ အာဟာရဖွံ့ဖြိုးမှု အနည်းဆုံးဒေသတခုဖြစ်တာကြောင့် အာဟာရဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အစားအသောက်တွေကို ဝယ်ယူပြီး ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ရရှိဖို့ ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

“လိုအပ်တဲ့ဟာကို အားဖြည့်ပြီးတော့ ပညာပေးအနေနဲ့ မဟုတ်တော့ဘူး။ လိုအပ်တဲ့ အစားအသောက်ကို ကဏ္ဍပေါင်းစုံကနေ ဝယ်ယူပြီးတော့ ကလေးတွေအတွက်ရော ကိုယ်ဝန်ဆောင်တွေအတွက်ရော ဦးစားပေးလုပ်မယ်။”

ဧရာဝတီတိုင်းမှာ  ၂၆ မြို့နယ်ရှိတဲ့အနက် အာဟာရဖွံ့ဖြိုးမှု အနည်းဆုံးဒေသဖြစ်တဲ့ သာပေါင်းမြို့နယ်မှာ အာဟာရဖွံ့ဖြိုးရေးစီမံကိန်းကို ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သာပေါင်းမြို့နယ်က မြစ်ကမ်းဘေး အနေအထားမျိုးမှာ နေရတာဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိတာပေါ့။ နောက်ပြီးတော့ စီးပွားရေးပါ၊ စားဝတ်နေရေးကလည်း ချို့တဲ့တဲ့အထဲပါတော့ စားချင်းတိုင်း စားလို့မရ၊ ဝယ်မစားနိုင်တာတွေလည်း အခက်အခဲရှိပါတယ်။ ဒီအတွက်ကိုတော့ ဧရာဝတီတိုင်းထဲမှာ အာဟာရနဲ့ပတ်သက်ပြီးတော့ သာပေါင်းမြို့နယ်ကို ဦးစားပေးပြီးတော့ ဦးစားပေး ၁ အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၅ နှစ်အောက်ကလေး အရပ်ပုနှုန်းနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအနည်းဆုံးမှာ ဧရာဝတီတိုင်းက  နံပါတ် ၁ နေရာမှာ ရှိနေပြီး သွေးအားနည်းသံဓာတ်ချို့တဲ့မှုမှာ နံပါတ် ၂ နေရာမှာရှိနေတယ်လို့  တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013