DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ၆ မြို့နယ်၌ CCTV များတပ်ဆင်ရန် ငွေကျပ်သန်း ၆၀၀ အသုံးပြုမည်
DVB
·
August 15, 2020
စစ်ကိုင်းတိုင်း ၆ မြို့နယ်၌ CCTV များတပ်ဆင်ရန် ငွေကျပ်သန်း ၆၀၀ အသုံးပြုမည်
Donate to DVB

မုံရွာမြို့ အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်မှာ တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ညွှန်ကြားနိုင်မယ့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ CCTV ကင်မရာတွေ တပ်ဆင်ဖို့ ငွေကျပ်သန်း ၆၀၀ အသုံးပြုသွားမယ်လို့ သိရပါတယ်။

တပ်ဆင်မယ့် လုံခြုံရေး CCTV တွေဟာ ဒေသတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရရုံးရှိ CCTV Control Room ကနေ သက်ဆိုင်ရာ မြို့နယ်တွေအားလုံးကို တိုက်ရိုက်အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က “သက်ဆိုင်ရာ မြို့နယ် လုံခြုံရေး CCTV ကင်မရာ‌တွေကနေ အစိုးရအဖွဲ့ရုံး CCTV Control Room က တိုက်ရိုက်ကိုင်တွယ်လို့ရမယ့် သဘောပါ။ ပထမ Plan အနေနဲ့က တော်တော်လေးတောင် ပြီးနေပါပြီ။ ဒုတိယ Plan အနေနဲ့က တင်ဒါဆက်ခေါ်ထားပါတယ်။ အင်တာနက်တွေက တချို့နေရာတွေမှာ လိုင်းမကောင်းသေးတော့ ပြုပြင်ရမှာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

အဲဒီအတွက် CCTV တပ်ဆင်ခြင်းလုပ်ငန်း (Phase 1) နဲ့ Command and Control Center တည်ဆောက်နိုင်ဖို့ စစ်ကိုင်းတိုင်းအစိုးရနဲ့ ရတနာပုံဖိုက်ဘာဆားဗစ်ကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဖိုင်ဘာကို TCI ကုမ္ပဏီက လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လုံခြုံရေး CCTV တွေ တပ်ဆင်သွားမယ့် မြို့နယ်တွေကတော့ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကသာ၊ ကလေးနဲ့ တမူးတို့ ဖြစ်ပြီး စုစုပေါင်းသတ်မှတ်ပွိုင့် ၄၃ နေရာမှာ CCTV အလုံးရေ ၁၇၆ လုံးကို တပ်ဆင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013