DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် အစိုးရက ‘ငွေဗိုက်’ အက်ပလီကေးရှင်းသုံးပြီး ထောက်ပံ့ကြေးပေး
DVB
·
August 14, 2020
မကွေးတိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် အစိုးရက ‘ငွေဗိုက်’ အက်ပလီကေးရှင်းသုံးပြီး ထောက်ပံ့ကြေးပေး
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် 'ငွေဗိုက်' အက်ပလီကေးရှင်းကိုအသုံးပြုပြီး   အစိုးရက ငွေကျပ် ၃၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ကြေးမယ်လို့  လူမှုဝန်ထမ်းဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်းလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က“ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အိုင်တီနည်းပညာကို အသုံးပြုပြီးတော့ 'ငွေဗိုက်' ဆိုတဲ့ အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲပြီးတော့ ကိုဗစ်-၁၉ အစီအစဉ်အရ နိုင်ငံတော်မှ ငွေကျပ် ၃၀၀၀၀ ထပ်ဆောင်း ထောက်ပံ့မယ်အစီအစဉ်ကို  ကိုယ်တိုင်လျှောက်ထားရမှာဖြစ်တယ်” လို့  ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်တိုင်မလုပ်တတ်ပါက  လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းတွေက ကူညီပေးနေပြီး သြဂုတ် ၁၁ ရက်မှ  စက်တင်ဘာ ၁၅ ရက်အတွင်း လျှောက်ထားရမှာဖြစ်ကာ စက်တင်ဘာလကုန်လောက်မှာ ထောက်ပံပေးမယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဆေးရုံဆေးခန်း ပြသတဲ့အထောက်ထားတွေနဲ့ အချက်လက်မှန်ကန်စွာ ဖြည့်သွင်းကြရမယ့်အပြင်  KBZ ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်မှာအကောင့်ရှိပါက ငွေထုတ်မယ့်ဘဏ်ကို အတိကျ ဖြည့်သွင်းပေးရမှာပါ။ တကယ်လို့ ဘဏ်အကောင့်မရှိခဲ့ရင်လည်း အမြဲကိုင်တဲ့ ဖုန်းနံပတ်ကတစ်ဆင့် Wave Money နဲ့ ငွေလွှဲပေးမှာဖြစ်တယ်လို့  ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က ပြောပါတယ်။

ဒါအပြင် Quarantine စင်တာတွေမှာရှိတဲ့ ကိုဝင်ဆောင်မိခင် ၁၀၁ ဦး ၊ ၅ နှစ်အောက်ကလေး ၂၆ ဦး၊ ရေဘေးသင့် မြေနုကျွန်ကျေးရွာက ကိုယ်ဝန်ဆောင်မိခင် ၅ ဦး ၊ ၅ နှစ်အောက်ကလေးငယ် ၇၁ ဦးအတွက်လည်း ကျပ် ၃၀၀၀၀ နှုန်းနဲ့  စုစုပေါင်းကျပ် သိန်း ၆၀ ကျော်ထောက်ပံပေးပြီးပြီလို့  သိရပါတယ်။

မကွေးမြို့ အောင်မေတ္တာရပ်ကွက်နေ ကိုယ်ဝန်ဆောင်မိခင် မထူးထူးဝေက "ကိုယ်ဝန်ဆောင် မိခင်တွေအတွက် မီးဖွားစရိတ်ရလို့ ဝမ်းသာပီတိဖြစ်မိတယ်။ လုပ်ငန်းတွေ အဆင်မပြေတဲ့အချိန်မှာ နိုင်ငံတော်က ထောက်ပံ့ပေးလို့ ကျေးဇူးတင်တယ်လို့" ပြောပါတယ်။

‘ငွေဗိုက်’အက်ပလီကေးရှင်းနဲ့ ထောက်ပံငွေလျှောက်ထားရာမှာလည်း လူမှုဝန်ထမ်းဦးစီး ဌာနကဝန်ထမ်းတွေက အကူညီပေးတဲ့အတွက် အစစအရာရာ အဆင်ပြေတယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်းမှာ  ကိုယ်ဝန်ဆောင်မိခင် ၅၈၀၀၀ ကျော်ရှိပြီး အခုလို အိုင်တီနည်းပညာနဲ့ နိုင်တော်ကထောက်ပံ့ငွေလျှောက်ထားတာဟာ မကွေးတိုင်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအားလုံး ထောက်ပံ့ကြေး မရသူမရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013