DVB Logo
Home
မြန်မာသတင်း
ပုသိမ်တံတားအသစ်တွင် CCTV ကင်မရာ ၃၂ လုံး တပ်ဆင်ပြီးစီး
DVB
·
August 14, 2020
ပုသိမ်တံတားအသစ်တွင် CCTV ကင်မရာ ၃၂ လုံး တပ်ဆင်ပြီးစီး
1 / 5
Donate to DVB

ဧရာ၀တီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့မှာတည်ဆောက်နေတဲ့ ငဝန်မြစ်ကူး ပုသိမ်အမှတ် (၂) တံတားသစ်မှာ လုံခြုံရေးကင်မရာ  CCTV  ၃၂ လုံးတပ်ဆင်ထားတယ်လို့ ဧရာတီတိုင်း လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဧရာ၀တီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦး၀င်းဌေးက “အဓိကကတော့ တံတားကလည်းကြီးတော့ အဲ့မှာလုံခြုံရေး လိုအပ်တယ်။ သွားတဲ့ လာတဲ့အခါမှာ လုံခြုံရေးစိတ်ချ ရဖို့လိုတယ်။ လမ်းလျှောက်မယ့်သူတွေလည်း ရှိနေတယ်။ ပလက်ဖောင်းပေါ်မှာ အဲ့ဒါအတွက်ကို CCTV ကင်မရာတပ်တာပါ။ တံတားအလယ်မှာလည်း ရဲတပ်ဖွဲ့ လုံခြုံရေးအစောင့်ထားဖို့ရှိတယ်။”လို့ ပြောပါတယ်။

တံတားလုံခြုံရေးအတွက် ပြည်ထောင်စုရန်ပုံငွေ ကျပ်  ၂၅၄ သိန်း အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်တံတားအမှတ် (၂) ဟာ ပုသိမ်မြို့လယ် အချက်အခြာကျတဲ့နေရာမှာ တည်ရှိပြီး တံတားရဲ့အောက်ဘက်တွေမှာ ပန်းခြံတွေနဲ့ ထိုင်ခုံတွေ ပြုလုပ်ထားပါတယ်။

ပုသိမ်ဒေသခံတစ်ဦးက “CCTV တပ်တာကတော့ ကောင်းတာပေါ့။ ရန်ကုန်မှာဆို မြို့နယ် တော်တော်များများ​မှာ တပ်ထားတာတွေ ရှိကြတယ်။ ပုသိမ်မှာတော့ မရှိဘူးလေ။ အခုလို တပ်ထားတော့ လုံခြုံရေးစိတ်ချရတာပေါ့။ CCTVကနေ တဆင့် တရားခံတွေမိတာတွေလည်း ရှိလာပြီလေ။ ဒါပေမဲ့ ယာဉ်ကြောအန္တရာယ်ကိုလည်း အစိုးရကို ဆောင်ရွက်ပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

ပုသိမ်တံတား အမှတ် (၂) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဆောက်လုပ်ရေး၀န်ကြီးဌာန တံတားအထူးအဖွဲ့ ၁၆ ကစတင်တာ၀န်ယူ တည်ဆောက်ခဲ့ပြီး တံတားအမျိုးအစားက သံမဏိသံပေါင် ခုံးတံတားဖြစ်ပါတယ်။

တံတားတန်ဖိုးကတော့ ကျပ်ငွေ  ၂၈ ဒသမ ၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်နေတာဖြစ်ပြီး လက်ရှိမှာ တံတားတည်ဆောက်မှုဟာ ၉၆ ရာခိုင်နှုန်းပြီးစီးသွားပြီး စက်တင်ဘာလအတွင်းဖွင့်လှစ်သွားဖို့ရှိတယ်လို့ ဧရာ၀တီတိုင်း အစိုးရအဖွဲ့ထံက  သိရပါတယ်။

သတင်း - ရွှေရည်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013