DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၈ ဦးထပ်တွေ့ ၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာ ၃၆၉ ဦးအထိရှိလာ
DVB
·
August 13, 2020
ကိုဗစ်-၁၉ လူနာသစ် ၈ ဦးထပ်တွေ့ ၊ မြန်မာနိုင်ငံ၌ အတည်ပြုလူနာ ၃၆၉ ဦးအထိရှိလာ
Donate to DVB

ဂျပန်နိုင်ငံနဲ့ ယူအေအီးနိုင်ငံတို့က ပြန်လာသူ ၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာသစ်တွေကတော့ ဂျပန်နိုင်ငံက ပြန်လာသူ ၂ ဦးနဲ့ ယူအေအီးနိုင်ငံက ပြန်လာသူ ၆ ဦး စုစုပေါင်း ၈ ဦးဖြစ်ပြီး ပြည်ပကပြန်လာပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မှာ အသွားလာကန့်သတ်စောင့်ကြပ်ခံထားရသူတွေ ဖြစ်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၆၂၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၉၆ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၇၇ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု စုစုပေါင်း ၁,၃၅၅ ခုကိုဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၈ ဦးတွေ့ရှိရတာဖြစ်ပါတယ်။

ဩဂုတ် ၁၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၃၆၉ ဦး သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၃၂၁ ဦးရှိပြီး ဒီအထဲက  ၃၁၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013