DVB Logo
Home
ကျန်းမာရေး
ပထမဆုံးသော COVID_19 ကာကွယ်ဆေး ထွက်ပေါ်လာတော့မလား
DVB
·
August 12, 2020
ပထမဆုံးသော COVID_19 ကာကွယ်ဆေး ထွက်ပေါ်လာတော့မလား
Donate to DVB



ကမ္ဘာတလွှားမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတာ ၆ လကျော်ကြာမြင့်ခဲ့ပါပြီ။ ဒီကာလအတွင်း လူပေါင်း ၁၂ သန်းကျော် ရောဂါကူးစက်ခံခဲ့ရသလို လူဦးရေ ၅၀၀၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။

ကာကွယ်နိုင်တဲ့ဆေးရော ကုသပေးနိုင်တဲ့ ဆေးဝါးပါ မရှိဘူးလို့ ယူဆခဲ့တဲ့ ကိုဗစ်ရောဂါအတွက် ကမ္ဘာ့ ပထမဆုံး ကာကွယ်ဆေးဖြစ်လာဖို့ ရှိတဲ့ ရုရှားက သုတေသနပြုနေတဲ့ ကာကွယ်ဆေးကို အခုလက်ရှိ ကာလမှာ လူသားတွေမှာ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပြီ လို့ ဆိုပါတယ်။

ဒီကာကွယ်ဆေးကို ရုရှားနိုင်ငံ Sechenov First Moscow State Medical University က volunteers တွေနဲ့ ကမ္ဘာ့ ပထမဆုံးသော ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ် ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ ရလဒ်က ကျေနပ်ဖွယ်ရာဖြစ်ပြီး အောင်မြင်တယ်လို့ ပြောလို့ရတဲ့ အခြေအနေတစ်ရပ်ကို ရရှိခဲ့ပါတယ်။

ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံခဲ့သူတွေထဲက ပထမတစ်သုတ်ဟာ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဆေးရုံကနေ ဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒုတိယတစ်သုတ်ကတော့ ဇူလိုင်လ ၂၀ ရက်နေ့က ဆေးရုံကနေ ကျန်းကျန်းမာမာဆင်းနိုင်ခဲ့တယ်လို့ ရုရှားသတင်းဌာန တစ်ခုဖြစ်တဲ့ Sputnik က သတင်းထုတ်ပြန်ခဲ့ပါတယ်။




စမ်းသပ်အောင်မြင်ခဲ့တဲ့ ကာကွယ်ဆေးကို ဇွန်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံ Gamalei Institute of Epidemiology and Microbiology က စမ်းသပ်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးက လူတွေမှာ စမ်းသပ်အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးကို ထိခိုက်မှု မရှိစေဘဲ ဘေးကင်းစိတ်ချရကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ ရရှိပါပြီလို့ Institute of Medical Parasitology ရဲ့ ဒါရိုက်တာ Alexander Lukashev ကဆိုပါတယ်။

ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုအတွက် အတည်ပြုချက် ရရှိပြီးပါပြီ။ လက်ရှိမှာ ဈေးကွက်ထဲကို ဘေးကင်းကင်းနဲ့ရောက်ရှိအောင် ပို့ဆောင်ပေးဖို့ အဆင့်ပဲ ကျန်ပါတော့တယ်။ ခုဆိုရင် ရောဂါကူးစက်ခံရသူ ၇ သန်းဟာ ပြန်လည် ကျန်းမာလာကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကတော့ လိုအပ်နေဦးမှာ ဖြစ်တဲ့အတွက် အခုထက်ပိုမို အဆင့်မြှင့်လုပ်ဆောင်ဖို့တော့ လိုအပ်နေဦးမှာပါ။

ရုရှားရဲ့ ကာကွယ်ဆေး ဘယ်လို ထုတ်ထားတာလဲ………….



ရုရှားရဲ့ ကာကွယ်ဆေးက အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ပျော့အောင်လုပ်ထားတဲ့ adenovirus ကို အသုံးပြုပြီး ကာကွယ်ဆေး ထုတ်လုပ်ထားတာပါ။ ဒီဗိုင်းရပ်စ်ကို သူ့အလိုလျောက် မျိုးပွားတာမျိုး မလုပ်နိုင်အောင် မျိုးဗီဇ ပြုပြင်ထားမှာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ပိုးပြန့်ပွားမှာကို စိုးရိမ်စရာ မလိုပါဘူး။

ဒီကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်တဲ့ ပရိုတင်းနဲ့ အသွင်တူအောင် ထုတ်လုပ်ထားတာပြီး ကိုယ်ခံအားစနစ်ကို ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 virus ကို ခုခံတိုက်ထုတ်နိုင်အောင် လေ့ကျင့်ပေးထားတာ ဖြစ်ပါတယ်။


ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်အောင်မြင်ပြီဆိုပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ကတော့ နောက်ထပ် စမ်းသပ်အတည်ပြုမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားဆဲပါ။

တစ်ကမ္ဘာလုံး စိုးထိတ်နေတဲ့ ရောဂါဆိုးကြီး ကိုဗစ်ကို ကာကွယ်နိုင်မယ့်ဆေး ဈေးကွက်ထဲကို ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်မလာခင်မှာ ကိုယ်တိုင်နဲ့ ချစ်ရသူတွေကို ရောဂါဆိုးကြီး အန္တရာယ်ကနေ ကာကွယ်ဖို့ အပြင်သွားတိုင်း နှာခေါင်းစည်း တပ်တာ၊ လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာ သုံးပြီး စက္ကန့် ၂၀ ကြာဆေးကြောတာ၊ နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာ၊ အာဟာရပြည့်ဝအောင် စားတာတွေကို လုပ်ဆောင်စေချင်ပါတယ်။

ရေးသားသူ - Aye Thi Mon


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013