DVB Logo
Home
မြန်မာသတင်း
နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနား ရန်ကုန်မြို့လယ်တွင်ကျင်းပ
DVB
·
August 12, 2020
နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနား ရန်ကုန်မြို့လယ်တွင်ကျင်းပ
1 / 14
Donate to DVB

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ သြဂုတ် ၁၂ ရက် မနက်က ကျင်းပပါတယ်။

ကရင်အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခွင့်အတွက် ပွဲစီစဉ်သူတွေဟာ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့တို့နဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ သတ်မှတ်ချက်တွေနဲ့အညီ ၁၅ ယောက်ထက်မပိုဘဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မှာ ကျင်းပခွင့် တောင်းခံခဲ့ပေမယ့် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်မရဘဲ အခမ်းအနား ကျင်းပခဲ့တာကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ် စသိန်းဇော်မင်း၊ စောအဲလ်ဘက်ချိုတို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ နဲ့ အရေးယူခဲ့ပါတယ်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် ကရင်တိုင်းရင်းသားတွေက သတ်မှတ်ပြီး နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားကျင်းပလေ့ရှိတာဖြစ်ပါတယ်။ 

Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013