DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့မစျေးတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ
DVB
·
August 11, 2020
အင်းတော်မြို့မစျေးတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မစျေးမှာ တိုင်းအစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA) တာဝန်ရှိသူတွေက   ရွှေ့လျား ဓာတ်ခွဲစမ်းသပ်ကား Mobile Lab နဲ့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အင်းတော်မြို့မစျေးကို FDA ၊ မြို့နယ်ထွေအုပ် ခရိုင်စားသုံးသူရေးရာဦးစီးဌာန (DOCA) မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်စည်ပင်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့မှ သြဂုတ် ၁၁ ရက် မနက်က ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်များတွေ့ရှိခဲ့တာပါ။

အင်းတော်မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးကြည်နိုင်ဦးက “စျေးကွက်တွင်း တာရှည်ခံဆေးဆိုးဆေးနဲ့ အချဉ်မှုန့် အသုံးပြုနိုင်တဲ့ လက်လုပ်ချဉ် အမျိုးမျိုး၊ ငါးချဉ်အမျိုးမျိုး မုန့်ညင်းချဉ် (အစို/အခြောက်)၊ မှိုချဉ်၊ နှမ်းဖတ်ချဉ်၊ ပဲတီပင် ပေါက်ချဉ်၊ မျှစ်ချဉ်၊ ဆီတုံဟူး၊ ဆန်တုံဟူး၊ လက်ဖက်နှပ်၊ ငရုပ်ချဉ်၊ ဂျင်းချဉ်၊ ခေါက်ဆွဲ၊ မုန့်တီဖတ် စတဲ့ စားသောက်ကုန်ပစ္စည်း များကို စျေးဆိုင် ၅၅ ဆိုင်မှ နမူနာ ၅၅ မျိုး ကောက်ယူပြီး တိုင်းFDA MOBILE LAB ကားနဲ့ ဓာတ်ခွဲစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးရာမှာ မုန့်ညင်းချဉ် ဒေသအခေါ် (တရုတ်မုန့်ညင်းချဉ်) တစ်မျိုးမှာ Salicylic Acid (ဆယ်လီစတစ် အက်ဆစ်)အသုံးပြု ထားသည်ကိုစမ်းသပ်တွေ့ရှိတယ်” လို့ပြောပါတယ်။

ပူးပေါင်းအဖွဲ့မှ အဆိုပါ မုန့်ညင်းချဉ်ကို သိမ်းဆည်းပြီး ထုတ်လုပ်ရောင်းချသူကို နောက်နောင် အဆိုပါ အချဉ်မုန့်ဆေးအသုံးမပြုဖို့ ခံဝန်ရေးထိုးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆေးမှာ အရေပြားလိမ်းဆေးနဲ့ အလှကုန်တွေမှာ အသုံးပြုကြောင်း သိရပြီး စားသောက်ကုန်မှာ ထည့်သုံးပါက ဘေးအန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားတာဖြစ်ပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013