ချောက်မြို့တွင် ပညာရေးဝန်ထမ်းအမျိုးသား ၁ ဦး ဆွဲကြိုးချ သေဆုံး
DVB
·
August 11, 2020

မကွေးတိုင်းဒေသကြီး ချောက်မြို့၊ အမှတ် ၁၅ ရပ်ကွက်၊ ဇီးချိုပင် ဂေါက်ကွင်းလမ်း ရေကျော်ဘောက်တံတားအောက် ၅ ပေလောက်အမြင့်ရှိ ရေပြွန်အတွင်းမှာ သြဂုတ် ၁၀ ရက် ည ၉ နာရီလောက်က ပညာရေးဝန်ထမ်း အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသွားပါတယ်။
သေဆုံးသူရဲ့ အစ်ကိုဖြစ်သူက ညီဖြစ်သူ အိမ်ပြန်မလာလို့ လိုက်ရှာစဉ် အခင်းဖြစ်နေရာအနီး သေဆုံးသူရဲ့ ဆိုင်ကယ်တွေရလို့ လိုက်ရှာရာမှ သေဆုံးနေတာကို တွေရှိခဲ့တာလို့သိရပါတယ်။
သေဆုံးသူ အသက် ၂၃ နှစ်အရွယ်အမျိုးသားဟာ ပညာရေးဝန်ထမ်းဖြစ်ပြီး အထက ၄ မှာ ရေစက်မောင်းသူအဖြစ် အလုပ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
သူဟာ ၃ ပေခန့်အကျယ် ၅ ပေခန့်အမြင့်ရှိ ရေပြွန်အောက်မှ သံဘောင်မှာ ကြိုးတန်းလန်းနဲ့ ငုတ်တုပ်ထိုင်လျက်အနေအထား တွေ့ရှိခဲ့တာဖြစ်ပြီး အလုပ်အကိုင်အဆင်မပြေလို့ စိတ်ဖိစီးပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာဖြစ်နိုင်တယ်လို့ ကာယကံရှင် အသိုင်းအဝိုင်းက ယူဆ ပါတယ်။
အဆိုပါလူသေဆုံးမှုနဲ့ပတ်သက်ပြီး ချောက်မြို့မရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ် အရေးယူထားကြောင်း သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)