
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိမ်းအမှတ်အဖြစ် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးနဲ့ ဒေါ်လာဝက် ဒင်္ဂါးတွေ ထုတ်လုပ်မယ်လို့ အမေရိကန်ဒင်္ဂါးစက်ရုံက ကြေညာပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိမ်းအမှတ်အဖြစ် အမေရိကန်ဒင်္ဂါးစက်ရုံက ဒေါ်လာဝက် ဆင့် ၅၀ တန် အကြွေစေ့တွေ ထုတ်လုပ်ခဲ့ပါတယ်။
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အထိမ်းအမှတ်အဖြစ် အကြွေစေ့ ထုတ်ဝေရာမှာ ဆင့် ၅၀၊ ငွေ ဒေါ်လာနဲ့ ၅ ဒေါ်လာတန် ရွှေဒင်္ဂါးတို့ကို ထုတ်လုပ်မှာဖြစ်ပါတယ်။
အမှတ်တရ ဒင်္ဂါးထုတ်လုပ်မှုတွေ အားလုံးကို ၂၀၂၆ ခုနှစ်အတွင်း ပြုလုပ်မှာလို့ အမေရိကန်ဒင်္ဂါးစက်ရုံက ကြေညာပါတယ်။
ဒီအကြွေစေ့တွေကို ဖီလာဒယ်ဖီးယား ဒင်္ဂါးစက်ရုံမှာ ထုတ်လုပ်ပြီး အစစ်အမှန်ဖြစ်ကြောင်း တရားဝင် အထောက်အထားတွေနဲ့ ထွက်ရှိမှာပါ။ကမ္ဘာ့ဖလားအမှတ်တရ ဒင်္ဂါးတွေကို ဇွန် ၄ ရက်မှာ ကြိုတင်မှာယူမှုတွေ ပြုလုပ်နိုင်မှာပါ။
ဆင့် ၅၀ တန် အကြွေစေ့မှာ ဘောလုံးသမားတယောက် နောက်ပြန်ကန်ချက်နဲ့ ဘောလုံးပုံ ပါဝင်ပြီး ၂၆ ဆိုတဲ့ ဂဏန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ စာသားကတော့ liberty ၊ ၂၀၂၆၊ In god we trust ဆိုတဲ့ စာသားတွေ ပါဝင်မှာပါ။
နောက်ထပ် မျက်နှာတဖက်မှာတော့ လက်သုံးချောင်းနဲ့ ဖီဖာကမ္ဘာ့ဖလားဆုကို ကိုင်မြောက်ထားတဲ့ ပုံပါဝင်ပြီး ကြယ်တွေ၊ အစင်းကြား ဒီဇိုင်းတွေ ပါဝင်မှာဖြစ်ကာ United States of America ၊ half dollar နဲ့ လက်တင်လို one of many ဆိုတဲ့ စာသားတွေ ပါဝင်မှာပါ။
ဒီဒင်္ဂါးထုတ်လုပ်မှုတွေက အမေရိကန်နိုင်ငံမှာ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးကို ကျင်းပတာကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်တာ ဖြစ်တယ်လို့ ဒင်္ဂါးစက်ရုံက ပြောပါတယ်။
ဒင်္ဂါးရောင်းချရတဲ့ ငွေတွေကို ဘောလုံးအားကစားဆိုင်ရာ အစီအစဉ်တွေ၊ အမေရိမှာရှိတဲ့ လှုပ်ရှားမှုတွေအတွက် ဖီဖာ ကမ္ဘာ့ဖလား ၂၀၂၆ အမေရိကန်နိုင်ငံရဲ့ တာဝန်ရှိသူတွေကို ပေးအပ်မယ်လို့လည်း ဆိုပါတယ်။










