DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ ဇူလိုင်လအတွင်း ဘေးအန္တရာယ် ၅၃ ကြိမ် ဖြစ်ပွား
DVB
·
August 8, 2020
စစ်ကိုင်းတိုင်း၌ ဇူလိုင်လအတွင်း ဘေးအန္တရာယ် ၅၃ ကြိမ် ဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းမှာ ဇူလိုင်လ တစ်လအတွင်းမှာ ဘေးအန္တရာယ်ဖြစ်ပွားမှုက ၅၃ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး အများစုက မြစ်ရေတက်လို့ ရေဝင်ပြောင်းရွှေ့ရတာတွေဖြစ်ကာ ၂၅ ကြိမ်ထိ ရှိခဲ့ပါတယ်။ 

ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းမှာ မီးဘေး ၇ ကြိမ်၊ မိုးကြိမ်းဘေး ၂ ကြိမ်၊ ကမ်းပြိုဘေး ၁၃ ကြိမ်၊ လေဘေး ၄ ကြိမ်၊ မြေပြို ၂ ကြိမ်တို့လည်း ဖြစ်ပွားခဲ့ပြီး နေအိမ် ၄၀ လုံးဝပျက်စီးကာ အိမ်ထောင်စုပေါင်း ၂၄၇၉ စု၊ လူဦးရေ ၁၁၂၅၂ ဦး ဘေးသင့်ခဲ့တာပါ။ 

မိုးကြိုးကြောင့် သေဆုံးသူ ၃ ဦး၊ လေဘေးကြောင့် သေဆုံးသူ ၃ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပါသေးတယ်။ 

ဘေးအန္တရာယ်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ ငွေကျပ်သိန်းပေါင်း ၄၃၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ဘေးစီမံ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “မနှစ်က ကာလတူနဲ့စာရင်တော့ နည်းတယ်ပြောရမယ်။ မနှစ်က ရေဘေးက များတယ်။ ဒီနှစ်က ရေဘေးက နည်းတယ်။ မိုးကြိုးဘေးကတော့ သိပ်မကွာပါဘူး။ ထောက်ပံ့ရမှုအနေနဲ့လည်း တစ်တိုင်းလုံးဆို ကျပ်သိန်းပေါင်း ၂ ထောင်ကျော်တော့ ရှိတော့မယ်။”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှုက နှစ်စဉ် ၁၀၀ ဝန်းကျင်တိုးပြီး ဖြစ်ပေါ်လာနေကာ သဘာဝပတ်ဝန်းကျင်ပျက်စီးလာတာနဲ့ လူတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့်လည်း ပိုမို ဖြစ်ပေါ်လာနေတာပါ။ 

စစ်ကိုင်းတိုင်း ဘေးစီမံဦးစီးဌာနက ရရှိတဲ့ စာရင်းတွေအရ ၂၀၁၆-၁၇ ခုနှစ်မှာ ဘေးအန္တရာယ်ပေါင်း ၁၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ထူးခြားဖြစ်စဉ်အနေနဲ့ ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တာအပါအဝင် စုစုပေါင်း လူဦးရေ ၁၇၂ ဦး သေဆုံးခဲ့ပါတယ်။ 

ဘေးအန္တရာယ်အားလုံးအတွက် ငွေကျပ်သိန်းပေါင်း ၁၈၈၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ရပါတယ်။ 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာလည်း ဘေးအန္တရာယ်ဖြစ်ပွားမှု ၃၅၅ ကြိမ်ရှိခဲ့ပြီး လေဘေး ၁၀၆ ကြိမ်ရှိခဲ့ကာ လူ ၁၈ ဦးသေဆုံးခဲ့ရသလို ငွေကျပ်သိန်းပေါင်း ၄၉၄၉ သိန်းကျော် ထောက်ပံ့ခဲ့ရပါတယ်။ 

၂၀၁၈-၁၉ ခုနှစ်မှာလည်း ဘေးအန္တရာယ်ကျရောက်မှု ၄၁၂ ကြိမ်ဖြစ်ခဲ့ပြီး လူ ၃၉ ဦးသေဆုံးကာ လေဘေးတင် ၁၆၈ ကြိမ်ရှိခဲ့သလို ငွေကြေးထောက်ပံ့မှုအနေနဲ့ ကျပ်သိန်းပေါင်း ၄၉၄၁ သိန်းကျော် ရှိခဲ့ပါတယ်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ဘေးအန္တရာယ်ဖြစ်ပွားမှုအနေနဲ့ အရင်နှစ်ကထက်နည်းနေသေးပေမယ့် ငွေကျပ်သိန်းပေါင်း ၂ ထောင်ကျော်ထိ ထောက်ပံ့ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013