DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်နီကာရာဂွါနိုင်ငံတို့ သံတမန်အဆက်အသွယ် ထူထောင်
DVB
·
August 8, 2020
မြန်မာနှင့်နီကာရာဂွါနိုင်ငံတို့ သံတမန်အဆက်အသွယ် ထူထောင်
Donate to DVB

မြန်မာနိုင်ငံဟာ ၁၂၄ ခုမြောက် သံတမန်အဆက်အသွယ်နိုင်ငံတခု ထူထောင်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

နီကာရာဂွါသမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါမူကြီးတွေ၊ အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို အခြေခံပြီး သံတမန် ဆက်ဆံရေးနဲ့ ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ သြဂုတ် ၆ ရက်မှာစပြီး နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်နဲ့ သံတမန်အဆက်အသွယ် ထူထောင်ကြတာလို့ ဆိုပါတယ်။

သံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနဲ့ ကုလသမဂ္ဂဆိုင်ရာ နီကာရာဂွါအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး H.E. Mr. Jaime Hermida Castillo တို့ဟာ ၂၀၂၀ နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ။

နီကာရာဂွါနိုင်ငံဟာ မြောက်အမေရိကတိုက်ရဲ့ တောင်ဘက်စွန်းက နိုင်ငံငယ်တခုဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ ကာရစ်ဘီယံပင်လယ်ကြားမှာတည်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013