DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာစည်ပင်ဝန်ထမ်း ၃ ဦး အဂတိလိုက်စားမှုဖြင့် အရေးယူခံရ
DVB
·
August 7, 2020
မိတ္ထီလာစည်ပင်ဝန်ထမ်း ၃ ဦး အဂတိလိုက်စားမှုဖြင့် အရေးယူခံရ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်း ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့  သြဂုတ် ၆ ရက်နေ့က ဖမ်းဆီး အမှုဖွင့် အရေးယူလိုက်ပါတယ်။

အငယ်တန်း အင်ဂျင်နီယာ-၂ ဦးမျိုးဇော်၊ အင်ဂျင်နီယာမှူး(EE) ဦးမြင့်ဝင်းနဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင် တို့ကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီး အရေးယူတာပါ။

မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲဝန်ထမ်းတဦးက "အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ရဲစခန်းမှာ အမှုဖွင့်တယ်။  မြို့နယ်တရားရုံးမှာ ချုပ်ရက်ရမန်ယူတယ်"လို့ ပြောပါတယ်။

မိတ္ထီလာစည်ပင်ကော်မတီအဖွဲ့ဝင် ဦးအောင်ကြိုင်က "ဒီနှစ်ထဲမှာပဲ ဧပြီလဆန်းလောက်က ကျနော့်ကို အဂတိကော်မရှင်က စစ်ဆေးတယ်။ အဲလိုစစ်ဆေးပြီး ၄ လအကြာမှာ အမှုဖွင့်တယ် ဆိုရမယ်။ ကျနော်ကတော့ အားလုံးကို အဆင်ပြေစေချင်လို့ ညှိနှိုင်းပေးတယ်။ အဲလို ညှိပေးလို့ အထင်အမြင်လွဲတာ ခံရသေးတယ်။ အခုတော့ စိတ်မကောင်းစရာတွေ ဖြစ်ကုန်တယ်" လို့ ပြောပါတယ်။

တိုင်ကြားစာအရ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးမျိုးဇော်ဟာ ၂၀၁၈-၁၉ဘဏ္ဍာနှစ် မီနီဘတ်ဂျက်မှာ အမှိုက်ကျင်းဟောင်း ပြင်ဆင်ဖို့အတွက် မူလခွင့်ပြုငွေထဲက မြေတူးစက်ယန္တယားတွေဖြစ်တဲ့ ဘက်ဟိုး ငှားခ ကျပ်သိန်း ၃၀ နဲ့ ဘူဒိုဇာငှားရမ်းခ ကျပ် သိန်း ၁၂၀ စုစုပေါင်း သိန်း ၁၅၀ ထုတ်ယူရာမှာ ငွေလက်ခံရယူသူလက်မှတ်မပါတဲ့ ငှားရမ်းခပြေစာ ၂စောင် သုံးပြီး ငွေထုတ်ယူခဲ့တာပါ။ 

ဘူဒိုဇာငှားရမ်းခဟာ ကျပ်  ၁၅ သိန်းသာ အမှန်တကယ် အသုံးပြုတာ စစ်ဆေးတွေ့ရှိခဲ့လို့ နိုင်ငံတော် ဘဏ္ဍာငွေ ၁၃၅ သိန်း နစ်နာဆုံးရှုံးခဲ့ကြောင့် အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆နဲ့ အမှုဖွင့်  အရေးယူတာပါ။

ဦးမျိုးဇော်က တင်ပြတောင်းခံတဲ့ငွေ ကျပ်သိန်း ၁၅၀ကို ငွေထုတ်ယူဖို့ ခွင့်ပြုခဲ့တဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင်ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ပူးပေါင်းကြံစည် အားပေးကူညီမှု ပုဒ်မ ၆၃ နဲ့ အရေးယူတာပါ။

မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်ရှိ နယ်မြေ-၂ နယ်မြေ-၃တို့မှာ အရှည် ပေ ၃၀၀၀ အကျယ် ၁၆ပေ ထု ၆လက်မ ကွန်ကရစ်လမ်းခင်းခြင်းတို့ အင်ဂျင်နီယာမှူး(EE)ဦးမြင့်ဝင်းက လုပ်ဆောင်ရာမှာ တင်ဒါမခေါ်ခြင်း ခွင့်ပြုထားတဲ့ ဘတ်ဂျက်ငွေထဲက ပိုနေတဲ့ငွေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ စီမံခန့်ခွဲမှု မရှိ၍ နိုင်ငံတော်ဘဏ္ဍာငွေ ၆၇သိန်းကျော် နစ်နာဆုံးရှုံးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆နဲ့ အမှုဖွင့်တာပါ။

ငွေထုတ်ယူ ခွင့်ပြုခဲ့တဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ပူးပေါင်းကြံစည် အားပေးကူညီမှု ပုဒ်မ ၆၃ နဲ့ အရေးယူထားပါတယ်။

မိတ္ထီလာခရိုင်ထဲမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့  ဌာနဆိုင်ရာတွေကို အရေးယူတာ ပထမဆုံးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013