DVB Logo
Home
မြန်မာသတင်း
ရေဘေးကြုံခဲ့ရသည့် အမရပူရက ရက်ကန်းရုံများ လုပ်ငန်းလည်ပတ်ရန် အခက်တွေ့ 
DVB
·
August 5, 2020
ရေဘေးကြုံခဲ့ရသည့် အမရပူရက ရက်ကန်းရုံများ လုပ်ငန်းလည်ပတ်ရန် အခက်တွေ့ 
Donate to DVB

တာရိုးကျိုးပေါက်မှုကြောင့် ရေနစ်မြုပ်ခဲ့ရတဲ့ အမရပူရမြို့နယ်က ရက်ကန်းလုပ်ငန်း အလတ်စားတွေအနေနဲ့ လုပ်ငန်းပြန်လည်ပတ်ဖို့ အချိန်ယူရမှာဖြစ်သလို တပိုင်တနိုင် ရက်ကန်းလုပ်ငန်းငယ်တွေအနေနဲ့လည်း လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

ရေမခန်းသေးတဲ့နေရာတွေရှိသလို ရေစိမ့်နေတာကြောင့် ရက်ကန်းရုံတွေ ခိုင်ခံ့မှုမရှိတော့မှာ စိုးရိမ်ရတဲ့အတွက် ရေနစ်မြုပ်ခဲ့တဲ့ ရက်ကန်းရုံတွေကို နှစ်လလောက် ရပ်နားထားရဦးမယ်လို့ ရက်ကန်းလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေယမင်း ‌ပိုးထည်တိုက်ရဲ့ ရက်ကန်းလုပ်ငန်းရှင် ဦးကျော်ကျော်က “အခက်အခဲဖြစ်တာပေါ့  ၂၀၂၀ ခု ၂ လ ပိုင်းကနေ စပြီး ကိုဗစ်နဲ့ဆိုတဲ့ခါကျတော့ စက်ရုံတွေ ပိတ်ရတယ်။ စက်ရုံပိတ်တဲ့ခါမှာ ဝန်ထမ်းတွေကိုလည်း ကျနော်တို့က ဒီမှာ ထောက်ပံ့ထားရတာ ရှိတယ်။ ကျွေးမွေးထားတာ ရှိတယ်။ မပြန်ကြဘူး။ တချို့က နယ်ကနေ လာလုပ်တာတွေရှိတယ်ပေါ့။ နယ်မှာပြန်ရင်လည်း သူ‌တို့အနေနဲ့က ဒါ ပြန်ပြီး အလုပ်လည်းမရှိတဲ့ခါမှာ ဆရာသမားနားမှာ ကပ်နေမယ်ဆိုတာ၊ အဲ့ နေတဲ့လူတွေလည်း ကျနော့်အနေနဲ့ ဒါ ကျွေးမွေးထားတာရှိတယ်ပေါ့။ သူတို့တော့ စားစရိတ်တော့ ကျနော် ပေးရတာပေါ့နော်။ အဲဒီအချိန်ကနေ ခုဖြစ်လိုက်တာ၊ ကိုဗစ်ပြီးတော့ ရေဗစ်လို့ ပြောလို့ရတာပေါ့။ ဒီ ရေဗစ်မှာလည်း ကျနော် ဒီဝန်ထမ်းတွေလည်း အတူရှိနေတဲ့ခါကျတော့ ဒီ ဝန်ထမ်းတွေကို ကျနော်က ချက်ပြုတ်ကျွေးမွေးနေရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ရက်ကန်းရုံတွေ ရပ်နားထားရပေမယ့် နယ်ဝေးကနေ လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကိုတော့ ရက်ကန်းလုပ်ငန်းရှင်တချို့က ကျွေးမွေးစားရိတ် တာဝန်ယူပေးထားတာ လည်း ဖြစ်ပါတယ်။

တာရိုးကျိုးပေါက်မှုမှာ အချိန်နဲ့တပြေးညီ သတင်းသိရှိရမှု နောက်ကျခဲ့တဲ့အတွက် ရေနစ်မြုပ်ဆုံးရှုံးမှုတွေ ပိုမိုများပြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရက်ကန်းလုပ်ငန်းရှင် ဦးကျော်ကျော်က “သူတို့ သတင်းပေးတဲ့အချိန်က ကြိုတင်မပေးတဲ့ အခါမှာ ကပ်ပြီးပေးတဲ့အခါမှာတော့ ပြင်ဆင်ချိန်ကတော့ အားနည်းခဲ့တယ်။ အဲဒါ ကျနော် တယောက်တည်း မဟုတ်ဘူး။ ဒီ ရေဝင်သွားတဲ့ ဆယ်ရွာနီးပါးလုံး ရှိတဲ့လူတွေ အကုန်လုံးကတော့ လွတ်ဖို့ရာ အချိန်နည်းသွားတယ်ပေါ့နော်။ တချို့ဆို ဆိုင်ကယ်တွေ ဘာတွေက အစ မြုပ်တာတွေကို ကြားရတယ်ပေါ့နော်။ အဲဒါတွေကတော့ ဒီ အနိမ့်ပိုင်းတွေမှာ ထွက်လာတဲ့လမ်းဘက်မှာလည်း ကားလမ်းကျပ်သွားတဲ့အတွက် ရွာထဲမှာပဲ မြုပ်စရာရှိတာတွေ မြုပ်တယ်။ တချို့ဆိုရင် ဘာမှ သယ်ချိန်မရဘဲ လူချည်း ပြေးရတာတွေရှိတယ်။ သတင်းရတာ နောက်ကျတဲ့အတွက် ကျနော်တို့က လူချည်း ပြေးရတဲ့လူ တော်တော်များများက အကုန်ဖြစ်ခဲ့ပါတယ်” လို့ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့်  ရက်ကန်းလုပ်ငန်းတွေ အဆင်မပြေဖြစ်ခဲ့ရတဲ့အပြင် ရေဘေးအန္တရာယ်ပါ ကြုံတွေ့လာရတာကြောင့် တပိုင်တနိုင် လုပ်ငန်းငယ်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ 

အခက်အခဲ ‌ကြုံတွေ့နေတဲ့ ရက်ကန်းလုပ်ငန်းငယ်တွေအတွက် အတိုးနှုန်း နည်းပါးတဲ့ ချေးငွေမျိုး ရရှိလိုတယ်လို့လည်း ရက်ကန်းလုပ်ငန်းရှင်တချို့က ပြောပါတယ်။

အမရပူရမြို့နယ်၊ ပေါက်ပေါက်တန်း ရပ်ကွက်နေ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ ဒေါ်မြင့်မြင့်စန်းက “ချေးရငှားရမှာပေါ့။ ကိုယ့်လက်ထဲက ကိုဗစ်ကတည်းက ဘာမှ အလုပ်က မလုပ်ရဆို အခုက ရေကမြုပ်သွားတော့ ပိုဆိုးတာပေါ့။ အဲ့လိုမျိုးပေါ့၊ ကုန်သည်တွေဆီကလည်း တောင်းဖို့က မလွယ်ဘူးလေ၊ကုန်သည်တွေက ခုဟာက မပေးတော့ဘူးလေ၊”လို့ ပြောပါတယ်။

အမရပူရမြို့နယ်အတွင်းမှာတော့ စက်ရက်ကန်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး ရေနစ်မြုပ်ခဲ့တဲ့ အလတ်စားနဲ့ အသေးစား ရက်ကန်းလုပ်ငန်းရှင် ဆယ်ဂဏန်းအထိ ရှိနေပါတယ်။ ရက်ကန်းလုပ်ငန်းတွေ အဆင်မပြေတဲ့အတွက် ရက်ကန်းစက်တွေကို ပြန်လည် ရောင်းချပစ်ရတဲ့ လုပ်ငန်းရှင်တစ်ချို့လည်း ရှိနေပါတယ်။

ရေနစ်မြုပ်မှု ကြုံခဲ့ရတဲ့ အသေးစားရက်ကန်းလုပ်ငန်းရှင်တွေအနေနဲ့ ရက်ကန်းစက်ရှိတာ ကြောင့် နိုင်ငံတော်က ထောက်ပံ့မှုတွေကိုလည်း မရရှိဘူးလို့ သိရပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013